[UNI]
ချန်နိုင်ငံ၏ ကော်ကျိုးသည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး တုန်တုန်ယင်ယင် အသံနှင့် ပြန်ဖြေလိုက်သည်။
"ဒီ...ဒီနိမ့်ကျတဲ့ ဒီကျွန်က!
...... အရှင့်သားအတွက် အသုံးအဆောင်အချို့ လာပို့ပေးတာပါ""အသုံးအဆောင်တွေလား?"
"ဟုတ်ပါတယ်! အဓိကအားဖြင့် ရေနွေး၊ မျက်နှာသုတ်ပုဝါနဲ့ သန့်ရှင်းတဲ့ စောင်တွေပါ"
ဆွေ့ဟန်၏ အကြည့်များသည် သိမ်မွေ့ပုံရသည့် ရေနှင့်ကျောက်စိမ်းကွပ်ထားသော နံ့သာဖြူဘူးပေါ်တွင်ကျရောက်သွားကာမေးလိုက်သည်။
"အဲဒါ ဘာလဲ"
"အ ...... အသုံးအဆောင် အချို့ပါ"
ဆွေ့ဟန်သည် မျက်နှာသုတ်ပုဝါလိုမျိုး တစ်ခုခုဖြစ်နေမည်ဟု ထင်လိုက်ပြီး ထွက်သွားဖို့ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ချန်နိုင်ငံတော်မှ ကွမ်ကျိုး သည် ချွေးများ စီးကျနေပြီး သေဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ရသလိုမျိုး နန်းဆောင်မှ ထွက်လာခဲ့သည်။
ဆွေ့ဟန်သည် နောက်ဆုံးတော့ ရင်ခွင်ထဲမှသူကို လွှတ်ပေးလိုက်ပြီး မျက်လုံးများ ငုံ့ကိုင်းကာ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"ကောင်းပြီ အခုထလို့ရပြီ
ဘယ်လိုလုပ်ကုက မင်းရဲ့ဒီလိုပုံစံကို ဟိုလူအိုကြီးကို မြင်စေရမှာလဲ?"ကျန်းယွမ်သည် ဘာမှထပ်မပြောနေဘဲ သူ့ပုခုံးကိုကိုင်ကာ ထထိုင်လာခဲ့သည်။ ထို့နောက်ဖြေးညှင်းစွာ သူ့အဝတ်အစားများကို ပြန်စီမံလိုက်သည်။
သူ့ချစ်သူလေးကြည့်ရသည်မှာ ဒေါသနည်းနည်းထွက်နေပုံရသည်။
ပင်ပန်းနေလို့များလား?
သူစဉ်းစားနေတုန်းမှာပဲ ကျန်းယွမ်ကပြောလာခဲ့သည်။
"စကား သေချာပြောရအောင်"
ဆွေ့ဟန်က မော့ကြည့်လာကာ မျက်ခုံးကို ဖြည်းညှင်းစွာ ပင့်မြှောက်လိုက်သည်။
"ကောင်းပြီလေ ကုတို့ဘာပြောကြမှာလဲ?"
ကျန်းယွမ်ကပြောလာခဲ့သည်။
"ငါတို့ အချင်းချင်း မသိကြဘူး၊ ချောက်ကမ်းပါး အောက်ခြေမှာ အမျိုးမျိုးသော အရာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက မတော်တဆမှု တစ်ခုပဲ။