[UNI]
သူက သူ့အိတ်ကပ်ထဲက အစိမ်းရောင် နှစ်ထပ်ကရိန်း ကျောက်စိမ်းဆွဲသီးလေးကို အေးဆေးစွာထုတ်ယူလိုက်ပြီး-
"မင်း ဒီအရာကိုတော့ မှတ်မိလောက်မယ်ထင်ပါရဲ့"ကုန်းဆွန်းယန်၏ မျက်ဝန်းများပြူးကျယ်သွားကာ သူသည် ဆွေ့ဟန်ဆီသို့ ချက်ချင်း ပြေးသွားလိုက်သော်လည်း၊ အစောင့်များ၏ အတင်းအကြပ်ဖိထားခြင်းကိုသာ ခံလိုက်ရသည်။ ဆွေ့ဟန်က ရယ်မောလိုက်ပြီး- "မင်းတို့ရဲ့အရှင့်သားသာဆို ပျော့ညံ့ညံ့နဲ့
သူက မင်းလိုမျိုးဝေဒနာကို ခံနိုင်ရည်မရှိမှာသေချာတယ်။ သူနာကျင်ရင် မင်းရဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သစ္စာမဲ့မှု ဖြစ်သွားလိမ့်မယ်"ထိုညတွင် ကုန်းဆွန်းယန် သည် လုပ်ကြံသတ်ဖြတ်သူများ၏ ဝိုင်းရံခံရပြီး ပြင်းထန်သော ဒဏ်ရာများဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ သူနိုးလာသောအခါတွင် သူသည် ဆွေ့စစ်တပ်စခန်းသို့ ရောက်နေပြီဖြစ်သည်။
ကျန်းယွမ် "သေဆုံးသွားပြီ" ဆိုတဲ့သတင်းကို ကုန်းဆွန်းယန်က မသိခဲ့ပါဘူး။အစက ကျောက်စိမ်းဆွဲသီးကို မြင်လိုက်တဲ့အခါ သူ့အနေနဲ့ ကျန်းယွမ်က ဆွေ့ဟန် ရဲ့လက်ထဲကို ကျရောက်သွားပြီလို့ သူတကယ်ထင်လိုက်မိသည်။
အရှင့်သားက အားနည်းတယ်၊ ဆွေ့စစ်တပ်ရဲ့ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ?
ကုန်းဆွန်းယန် သည် ဆွေ့ဟန်ကို အပြင်းအထန် စိုက်ကြည့်ရင်း ဒေါသဖြင့်သူ့မျက်လုံးများက ပေါက်ထွက်လုနီးပါးဖြစ်လာခဲ့သည်။
ဆွေ့ဟန်က မီးထဲကိုလောင်စာထဲ့ကာ မီးတောက်တွေကို တောက်လောင်စေခဲ့သည်- "မင်းအတွက် သစ္စာစောင့်သိမှုက အရေးကြီးဆုံးအရာလို့ ကုသိရတယ်။ ပညာရှင်ကုန်းဆွန်းယန် ၊ဒီနေ့ မင်းရဲ့လုပ်ရပ်တွေက မင်းရဲ့ဂုဏ်သိက္ခာကိုသာ ကာကွယ်နေပြီး မင်းရဲ့အရှင်သခင်ဖက်ကိုနဲနဲလေးမှတွေးမပေးတဲ့ပုံပဲ။ မင်းသာ ကျန်းရုံယုလိုမျိုးဆိုရင် ဒီလို နှလုံးသားမဲ့ပြီးအေးစက်မှုကြောင့် သေသွားမှာတောင် ကုစိုးမိတယ်"