part 1

4.7K 106 7
                                    

ပြောင်းလဲလာတဲ့ခေတ်နဲ့အတူလူနေထိုင်မှုနဲ့အခြားသောအရာတွေဟာလဲနည်းတူပြောင်းလဲကြသည်။ထိုထဲတွင်ပညာရေးကတော့ထိပ်ဆုံးမှရပ်တည်နေလေသည်။

ဘယ့်နှယ့်ရယ် ဆယ်တန်းထိတက်ရတာတောင်များလှပြီမှတ်နေတာခု 12 တန်းထိတက်ရတော့မယ်တဲ့လေ။ကြားလို့မှကောင်းကြရဲ့လား။

"သမီး ဖြူ... ရေထတော့လေကွယ်။ဒီနေ့ကျောင်းစတက်ရမယ့်နေ့မလား"

အမေ့အသံကိုကြားသည်နှင့်ဖြူတစ်ယောက်အိပ်ရာပေါ်မှလူးလဲထကာနာရီကိုကြည့်လိုက်သည်။

"ဟိုက် နောက်ကျတော့မှာပဲမိဖြူရယ်"

ကျောင်းစဖွင့်တဲ့ရက်မို့စောထတယ်ဆိုတာ ဖြူ့ရဲ့ရာ‌ဇဝင်မှာမရှိ။အသက် ၅ နှစ်လောက်ကတည်းကတက်လာရသည့်ကျောင်းမှာယခုအသက် ၁၆ ပြည့်တဲ့ထိမပြီးဆုံးနိုင်သေး။

အကြောင်းရင်းကတော့‌အသစ်ပြောင်းလဲလိုက်တဲ့ဥပဒေမှာကံဆိုးစွာနဲ့ပါသွားခဲ့လို့လေ။ဖြူ 8 တန်းတက်ပြီးတော့ တစ်တန်းကျော်ကာ 10 တန်းစနစ်သစ်ကိုရောက်သွားသည်။သေချင်စရာပါလေ။

ရေမိုးချိုးပြီးကျောင်းစိမ်းအမြန်လဲကာအိမ်အောက်ထပ်သို့ဆင်းလာပြီးအမေပြင်ပေးထားတဲ့ထမင်းကျော်ကိုအသည်းအသန်စားနေရသည်။

"သမီးရယ် ဖြည်းဖြည်းစားလေကွယ် နင်နေမှဖြင့်"

ဖြူ စားနေရင်းနဲ့ပဲလက်ကာပြကာ

"နောက်ကျနေပြီမေကြီးရဲ့ကျောင်းက ရှစ်နာရီဆိုတက်မှာ ၁၅ မိနစ်ပဲလိုတော့တယ်"

"သမီးကအအိပ်မက်နေတာကိုကွယ် ဒီတော့နောက်ကျပြီပေါ့"

"ဖေကြီးအလုပ်သွားပြီလားမေကြီး"

မကြာခင်ဩဝါဒခြွေခံရတော့မှာသိလို့အမြန်စကားလမ်းကြောင်းလွှဲလိုက်ရသည်။

"မနက်အစောကတည်းကသွားပြီ။ဒီနေ့ရုံးမှာပစ္စည်းသစ်တွေရောက်မှာမို့တဲ့လေ"

"အော် ဟုတ်လား။ဖြူ သွားတော့မယ်နော်‌မေကြီး နောက်ကျနေပြီ... ချစ်တယ်.. အာဘွား...မွ....မွ"

"ဖြေးဖြေးသွားဦး ဖြူ ရေချော်လဲနေမယ်"

ဖြူကတော့ အမေ့ရဲ့စကားကိုမြေဝယ်မကျနားထောင်သူပီပီအမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီးကျောင်းကိုပြေးလေပြီ။

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now