"အန်တီရေ ဘာဖြစ်သွားတာလဲလို့ အန်တီ သက်ငယ်ခေါ်တာ ပြန်ထူးအုံးလေ"
မိုးနဲ့အန်တီတို့နှစ်ယောက် ကျောင်းပိတ်ရက်မှာ နှစ်ယောက်ထဲ အပြင်ထွက်လည်ကြရင်း ဘယ်ကဘယ်လိုဖြစ်မှန်းမသိ အန်တီကစိတ်ကောက်သွားလေသည်။
"မင်းဘာဖြစ်နေတာလဲ လမ်းမကြီးမှာ အရှက်မရှိဘူးလား ဟင်"
"ကိုယ့်ချစ်သူစိတ်ကောက်သွားလို့ လိုက်ချော့တာ ဘာရှက်စရာလိုလဲ"
"မင်းကို ဘယ်သူက စိတ်ကောက်နေလို့လဲ"
ဘယ်သူကစိတ်ကောက်လို့လဲ ဆိုတဲ့ အန်တီဟာ နှုတ်ခမ်းထော်လျက် ပြောနေသည်။
"အန်တီကသာ စိတ်မကောက်ဘူးပြောတာ အန်တီရဲ့ဟောဒီနှုတ်ခမ်းလေးက စိတ်ကောက်ကြောင်းပြနေတယ်"
"မင်းလက်ကိုဖယ်စမ်း တွေ့ကရာလူကို အန်တီ အန်တီဆိုပြီး လိုက်ပြုံးပြနေတာ အမြင်ကိုကပ်တယ်"
ခုမှပဲ ပြဿနာ အရင်းမြစ်ကို သိရတော့တယ်။စောနက အန်တီနဲ့ မိုး ကော်ဖီဆိုင်ထိုင်နေတုန်း အမျိုးသမီးတစ်ယောက် ပိုက်ဆံရှင်းရင်း အိတ်ထဲကနေ စာရွက်အချို့ကျသွားတာမို့ မိုးလိုက်ပေးတော့ ထိုအန်တီက ကျေးဇူးတင်စကားပြောရင်း မိုးကို အတင်းမုန့်ဝယ်ကျွေးလေသည်။
မိုးငြင်းပေမဲ့ အတင်းဝယ်ကျွေးမယ် လုပ်နေတာမို့ စိတ်ကျေနပ်အောင် black coffee တစ်ခွက်မှာကာသောက်လိုက်သည်။
ထိုအမျိုးသမီးက တော်တော်နှင့်မပြန်သေးဘဲ မိုးနှင့်စကားထိုင်ပြောနေတာမို့ မိုးလဲ အလိုက်တသင့်လေးစကားပြန်ပြောမိသည်။ထိုအချိန်ကတည်းက အန်တီမျက်နှာက တည်နေတာကိုသတိထားမိပေမယ့် တစိမ်းရှေ့မှာမို့ မသိချင်ယောင်သာဆောင်နေလိုက်သည်။
အဲ့ကိစ္စနဲ့ မိုးရဲ့ ချစ်သည်းညှာလေးက မိုးကိုစိတ်ကောက်ကာ ရှေ့ကနေ အရင်ထွက်သွားတာမို့ အတင်းလိုက်ချော့နေရသည်။
"ဘာများလဲလို့ အန်တီရယ်။သူက အန်တီတို့အရွယ်မို့ မိုးကလေးစားသောအားဖြင့် အန်တီလို့ခေါ်တာလေ"
"ခေါ်ပါ ...ခေါ် ...ကြိုက်တဲ့သူကိုခေါ် ငါ့ကိုတော့ လာမခေါ်နဲ့ ပြန်တော့မယ်"
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။