part 2

1.8K 62 0
                                    

"ဆရာမကြီး ဝင်ခွင့်ပြုပါရှင့်"

ကျောင်းရောက်နေသည်ဆိုသည့်အသိကြောင့် ဖြူယဉ်ကျေးစွာပဲဝင်ခွင့်တောင်းလိုက်သည်။

"ဝင်လာခဲ့ ဖြူ‌"

ဆရာမကြီးရဲ့ခွင့်ပြုချက်ရမှဖြူအခန်းထဲကိုဝင်ပြီးဆရာမကြီးရဲ့စားပွဲခုန်ရှေ့မှာမတ်တပ်ရပ်နေလိုက်သည်။

"ဖြူ့ ကိုခေါ်တယ်ဆိုလို့ပါဆရာမကြီး"

"အေး ဆရာမကြီး ဖြူ့ကိုတာဝန်ပေးစရာလေးရှိလို့"

"ဟုတ်ကဲ့ သမီးဘာလုပ်ပေးရမလဲ ဆရာမကြီး"

"ဒီဆရာမလေးကခုမှဒီကျောင်းကိုပြောင်းလာတဲ့ဆရာမအသစ်လေးလေ"

ဆရာမကြီးပြောမှ ဖြူ့ဘေးကခုံမှာထိုင်နေတဲ့ဆရာမအသစ်ကိုသတိပြုမိသည်။ဝင်လာတုန်းကကိုယ့်အတွေးနှင့်ကိုယ်မို့သတိမထားမိ။

ကြည့်မိတော့မှဆရာမလေးကအတော်လှသည်။အသားဖြူတဲ့ထဲမပါဘဲအသားကခပ်ဝင်းဝင်းလေး ၊ မိတ်ကပ်အစားသနပ်ခါးပါးပါးလေးကလဲပါးပေါ်မှာပနံသင့်စွာ ၊ဆံထုံးပေါ်ကနှင်းဆီဝါဝါလေးကဆရာမနှင့်လိုက်ဖက်သယောင်။အရပ်ကတော့ဖြူ့ထက်ပုမည်ထင်သည်။

"ဖြူ...."

ငေးကောင်းကောင်းနဲ့ငေးနေတာဆရာမကြီးခေါ်မှသတိဝင်တော့သည်။

"ဆရာမကြီးပြောတာကိုကြားလား"

"ဟုတ် .....အဲ့ ......ဘာ..... ဘာပြောလိုက်တာလဲဟင်"

"ဆရာမလေးကဒီကိုအထက်တန်းပြနဲ့ရောက်လာတာ။ခုလောလောဆယ်နေစရာအဆောင်ရှာမတွေ့သေးလို့ဒီကျောင်းမှာပဲခဏနေခိုင်းထားတယ်။အဲ့တာ ဖြူကအဖော်လာနေလို့ရမလားလို့"

"ဟုတ်ကဲ့ ရပါတယ်ဆရာမကြီး။ဖြူညနေပြန်ရင်အမေ့ဆီကခွင့်တောင်းပြီးလာနေပေးပါ့မယ်"

"ရတယ်ဖြူ။ဆရာမကြီးပဲသမီးအမေဆီသွားပြီပြောလိုက်တော့မယ်။သမီးအမေနဲ့တခြားကိစ္စလေးလဲပြောချင်လို့"

"ဟို .....သမီးအဝတ်အစားတွေက"

"ရတယ် ဆရာမကြီးယူလာပေးမယ်"

"ဟုတ်ကဲ့ပါဆရာမကြီး"

ဒီလိုမျိုးကျောင်းမှာနေပေးရတာ ဖြူအတွက်အထူးအဆန်းမဟုတ်ပါ။အရင်ဆရာမအသစ်တွေလာရင်လဲဖြူပဲလာနေပေးရတာလေ။ဒါကြောင့်လဲကျောင်းကဆရာမတိုင်းနှင့်ဖြူရင်းနှီးနေသည်။

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now