"မမထက်သိလားအဲ့နာရီစင်ကြီးကလေတကယ်အကြီးကြီးပဲ....."
ယွန်းလေးတစ်ယောက်သူ့ကတိအတိုင်းမုန့်စားဆင်းထဲကဖြူ့အခန်းဆီလာပြီးဖြူ့သူငယ်ချင်းတွေနဲ့စကားပြောနေတာခုထိမပြီးနိုင်သေး။တော်တော်လေးပြောနိုင်တဲ့သူပဲ။နာရီဝက်နီးပါးကိုမနားတမ်းပြောနေတာ။
နားထောင်နေတဲ့သုံးယောက်ကလဲပါးစပ်ကြီးတွေဟပြီးတကယ့်ကိုစိတ်ပါလက်ပါနားထောင်နေလိုက်ကြတာ။စာတောင်သူတို့အဲ့လောက်ထိစိတ်မဝင်စားကြ။
"ဟယ် ယွန်းလေး ဒီမှာကျောင်းတက်နေတာလား"
စည်သူကဖြူတို့စကားဝိုင်းဆီလာပြီးညီမလေးကိုနှုတ်ဆက်လေသည်။
"ဟုတ်တယ် .....ကိုကိုစည်သူ မီးမီးဒီကျောင်းမှာပြောင်းတက်နေတာ"
"ဟယ် ....ငါ့ညီမလေးကဒီမှာတက်မှာဆိုတော့ မိဖြူတော့နေ့တိုင်းနားပူနေရတော့မှာပဲ"
"ဟာ ကိုကိုစည်သူနော် မမနားပူအောင်မီးမီးကဘာလုပ်နေလို့လဲ"
"ဟော ......ခင်ဗျားလေးဘယ်လောက်စကားများမှန်း ကိုကိုစည်သူကသိလို့ပြောတာလေ။ခုလဲ ထက်တို့နဲ့လေဖုတ်နေတာမလား"
"ဟွန့် ......အဲ့တာမမထက်တို့က မီးမီးလည်ခဲ့တဲ့နေရာတွေကို သိချင်တယ်ဆိုလို့ပြောပြနေတာပါနော်"
"ဟုတ်ပါပြီကွာ ကိုကိုကစတာပါ"
"ဟွန်း.... ကိုကို ကယွန်းလေးနဲ့ပဲစကားပြောနေတာပဲ မိုးကိုကျလှည့်တောင်မကြည့်ဘူး"
မိုး ကစည်သူ့ရဲ့လက်မောင်းကိုတွဲခိုပြီး ပြောလေသည်။ဖြူတို့တွက်တော့ ဒီမြင်ကွင်းဟာထူးဆန်းမနေ။မိုး ကအတည်ပြောနေခြင်းမဟုတ်ဘဲ စည်သူ့အကြောင်းကိုသိလို့နောက် နေခြင်းသာဖြစ်သည်လေ။
"မိမိုးရယ် နင့်တုံးပိလို့အော်တဲ့အသံနဲ့မပြောစမ်းပါနဲ့ဟယ်။နားကြားပြင်းကပ်လိုက်တာ"
"နင်တို့မကြိုက်လဲ ကိုကိုကကြိုက်တယ်။ဟုတ်တယ်မလားကိုကို။သူတို့ မိုးကိုပြောနေကြတယ်။ကိုကိုကဝင်ပြောပေးအုံးလေလို့"
နောက်ကောင်းကောင်းနဲ့နောက် နေတာမိုးကိုအပြင်ဘက်ကနေမျက်ထောင့်နီနဲ့ကြည့်သွားတဲ့သူကိုတော့ဘယ်သူမှမမြင်လိုက်မိ။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။