သက်ငယ်ရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတဲ့ တစ်ညတာဟာ ဝါ့အတွက် ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်မရတဲ့ထိ တန်ဖိုးကြီးမားလွန်းလှပါတယ်။
ရင်ခွင်ထဲကနေ ခေါင်းလေးပြူကြည့်လိုက်တော့ ချစ်ရတဲ့သူလေးဟာ အိပ်မောကျနေဆဲပေ။မနေ့က ပင်ပန်းသွားတာသူလား ကိုယ်လားတောင် သိပ်မသဲကွဲတော့ဘူး။
သက်ငယ်ရင်ခွင်ထဲကနေ ထွက်ပြီးမျက်နှာသစ်ဖို့ ထလိုက်တော့ ဝါ့ရဲ့ခါးအောက်ပိုင်းဆီက နာကျင်မှုကို ခံစားလိုက်ရသည်။
တစ်ဆက်တည်းမနေ့ညက ကိစ္စကိုတွေးမိပြန်တော့ ရှက်သွေးဖြာရပြန်သည်။ညကတည်းက အဝတ်စားတွေပြန်ဝတ်ပြီး အိပ်လို့သာ အရှက်သက်သာရသည်။
မဟုတ်ရင် ကိုယ့်ပုံကိုပြန်ကြည့်ပြီး တစ်ခါပြန်ရှက်နေရဦးမယ်။မျက်နှာသစ် အဝတ်စားလဲကာ အိပ်ပျော်နေတဲ့ သက်ငယ်ကိုလှုပ်နိုးလိုက်တော့ အင်းအဲ အော်ကာ ထလာလေသည်။
"အန်တီ ဘယ်ချိန်ရှိပြီလဲ...."
"ရှစ်နာရီ ထိုးခါနီးပြီ သက်ငယ်...."
"ဟင် အဲ့လောက်တောင် ရှိပြီလား ရေဆော့ဖို့ နောက်ကျနေတော့မှာပဲ....."
ပြောရင်းဆိုရင်း ရေချိုးခန်းထဲပြေးဝင်သွားတဲ့ သက်ငယ်က တကယ့်ကလေးပေါက်လေး လိုပင်။မနေ့ကကိစ္စကို စကားမစပုံထောက်ရင် သူလဲရှက်နေတာဖြစ်မယ်။
ခဏကြာတော့ ရေချိုးခန်းထဲကနေ ထွက်လာပြီး ရေကူးဝတ်စုံလဲကာ ရေဆော့ဖို့ ထွက်လာခဲ့ကြသည်။
မနေ့ညထဲက ကမ်းခြေမှာတွေ့ဖို့ ချိန်းထားကြတာမို့ အားလုံးက ချိန်းထားတဲ့နေရာမှာသာ စောင့်နေကြသည်။ဝါတို့ရောက်တော့ လူစုံနေပြီး ရေတောင်ဆော့နေကြသည်။
ဝါနဲ့မိုးသားကတော့ မဆော့ဘဲ ခုံမှာသာထိုင်စောင့်နေပြီး ရောက်တတ်ရာရာပြောနေကြသည်။ခင့်ခမျာ သူ့ရဲ့ ရင်နှစ်သည်းချာလေးကို လိုက်ထိန်းနေရတာနဲ့တင် ဆော့ချိန်မရသလို နားချိန်လဲမရှိ။ယွန်းလေးက အငယ်ဆုံးပီပီ မျောက်ရှုံးအောင် ဆော့လေသည်။
"ဟိတ် ညီမလေး....."
မနေ့က ဖြူ့ကို လိုက်နှောက်ယှက်တဲ့ လူက ဖြူ့အနားကို ရောက်လာပြန်သည်။ဖြူ ကထက်တို့နဲ့ အတူမဆော့ဘဲ တစ်ယောက်ထဲဆော့နေတာမို့ ထိုသူပိုပြီး အတင့်ရဲခြင်းဖြစ်မည်။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။