part 17

1.3K 54 8
                                    

ဘာလိုလိုနဲ့ ဖြူနဲ့ဆရာမချစ်သူဖြစ်တာ နှစ်လကျော်တောင်ရှိပြီ။မနက်ဖြန်ဆို ဆရာမတို့ကျောင်းတွေပြန်ဖွင့်တော့မည်။ဖြူကတော့ Phys မေဂျာတက်ဖို့တွက် ကြိုးစားနေတုန်း။ဖြူလဲ တက္ကသိုလ်မှာ M.Sc ဘွဲ့ယူကာ ဆရာမလို အထက်တန်းပြဆရာမဖြစ်အောင် ကြိုးစားမည်။

ထက်ကတော့ စီးပွားရေးတက္ကသိုလ် တက်မှာဖြစ်ပြီး မိုးနဲ့အေးက ဆေးတက္ကသိုလ်တက်ကြမှာဖြစ်သည်။ဖြူတို့လေးယောက်လုံး တက်ကြမဲ့မေဂျာတွေနဲ့ ကျောင်းမတူတာမို့ နောက်ဆိုတွေ့ဖြစ်ဖို့ မလွယ်လောက်တော့။

ဒီနေ့ ဖြူ ဆရာမနဲ့ အပြင်ထွက်လည် နေတာဖြစ်သည်။Shopping လဲထွက်ရင်း ချိန်းလဲတွေ့ရင်းပေါ့။ဆရာမက ဖြူ့ကို KFC မှာကြက်ကြော်လိုက်ဝယ်ကျွေးသည်။

ဆိုင်မှာထိုင်နေတုန်း ဖုန်းဝင်လာတာမို့ ဖြူကိုင်လိုက်ပြီး.....

"ဟယ်လို ကြီးကြီး....."

"ဖြူ မေကြီးပါ သမီးကြီးကြီးလေ မေကြီးနဲ့စကားပြောနေရင်း မေ့လဲသွားလို့ ခုဆေးရုံရောက်နေတယ်.."

"ရှင်.. ဟုတ်လား မေကြီး ဖြူအခုလိုက်လာခဲ့မယ် ဆေးရုံလိပ်စာပြော..."

ဖြူနဲ့ဆရာမ မေကြီးပြောတဲ့ ဆေးရုံကို အမြန်လိုက်သွားလိုက်သည်။ဖြူတို့ရောက်တော့ မေကြီးက အခန်းရှေ့က ခုံပေါ်မှာထိုင်နေသည်။မေကြီးကို ကြည့်ရတာ တော်တော်လေးကိုစိတ်ပူနေသလိုပဲ။ကြီးကြီးဘာများ ဖြစ်သလဲဆိုပြီး ဖြူစိုးရိမ်စိတ် ဝင်လာမိသည်။

"မေကြီး...."

ဖြူနဲ့ဆရာမ မေကြီးနားကိုသွားမှာ ခုံမှာဝင်ထိုင်ရင်း ခေါ်လိုက်သည်။

"ဖြူ ....ဆရာမမိုးသား... ဟင့်......."

မေကြီးက ဖြူတို့ကိုကြည့်ပြီး ငိုချလာတာမို့ ဖြူတို့နှစ်ယောက် ပျာယာခတ်ကုန်ကြသည်။

"အမပိုး ...ဘာဖြစ်လို့လဲ ဆရာမကြီးက ဘာဖြစ်တာလဲဟင် စိုးရိမ်ရလို့လား......"

"အမလဲ မသိဘူး ညီမ။အမနဲ့ စကားပြောနေရင်း ကော်ဖီသွားဖျော်မယ်ဆိုပြီးအထ မေ့လဲသွားတာပဲ.."

"ကြီးကြီး ဘာမှမဖြစ်လောက်ပါဘူး မေကြီးရယ် အဲ့လောက်ထိ စိုးရိမ်မလွန်ပါနဲ့နော်.."

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now