အဆောင်ပြန်ရောက်တော့လဲဆရာမက ဖြူ့ကိုစကားမပြော။ဖြူ ကစပြီးပြောရအောင်လဲဘာပြောလို့ပြောရမှန်းမသိ။ဖြူ ကလူမှုဆက်ဆံရေးညံ့တဲ့ထဲမပါပေမဲ့ အေးအေးဆေးဆေးနဲ့စကားနည်းတဲ့ထဲပါတာမို့ကိုယ့်ဘက်ကနေစပြီးဘာပြောရမှန်းမသိ။
"ဆရာမ..."
"အွန်း ...ပြောလေ...."
ဖြူ့ ကိုမကြည့်ဘဲဖတ်လက်စစာအုပ်ကိုသာကြည့်ပြီးဆရာမကပြောလေသည်။ဖြူ လဲခေါ်သာခေါ်လိုက်ရတာဘာပြောရမှန်းခုထိစဉ်းစားမရသေး။
"ဟို ....ဟိုလေ.... မနက်ကရှင်းပြတဲ့ Che လေးနောက်တစ်ခေါက်လောက်ရှင်းပြပါလား"
ဘာပြောရမလဲမသိတဲ့အဆုံးပါးစပ်ထဲရှိရာသာပြောလိုက်သည်။ဆရာမ ကတော့အတည်ထင်ပြီး Che စာအုပ်ကိုကိုင်ပြီးဖြူ့နားမှာဝင်ထိုင်သည်။
"မနက်က ဆရာမပြောသွားတဲ့ထဲမှာမရှင်းဝာာဘာများပါလို့လဲ ပြောလေ။ဆရာမပြန်ရှင်းပြပေးမယ်"
ရှင်းတာပေါ့။ရှင်းတာမှပြောင်နေအောင်ကိုရှင်းတာ။ဒါပေမဲ့ခုဝောာ့မရှင်းသလိုပဲနေလိုက်ပါ့မယ်။
"ဟို Kinetic Molecular Theory ကိုသိပ်မရှင်းလို့ဆရာမ"
"အော် အဲ့ဒါကဒီလို......."
ဆရာမကစိတ်ပါလက်ပြရှင်းပြနေပေမဲ့ ဖြူနားထဲတော့ကြားတစ်ချက်မကြားတစ်ချက်။
"နားလည်သွားပြီလား.."
"ရှင် ဟုတ်ကဲ့ ဆရာမ။သမီးနားလည်သွားပြီ"
"အွန်း...."
"ဆရာမ..."
ထထွက်သွားဖို့ပြင်နေတဲ့ဆရာမကိုဖြူလှမ်းတားမိသည်။
"ဘာဖြစ်ပြန်ပြီလဲ..."
"ဟို ဖြူနဲ့ကျောင်းဝန်းထဲလမ်းလျှောက်ကြမလား....အဆောင်ထဲမှာပဲနေ နေရတော့ပျင်းလာလို့"
"အွန်းလျှောက်ကြတာပေါ့"
တော်သေးတာပေါ့မငြင်းလိုက်လို့။ငြင်းလိုက်ရင်လဲဖြူ့မှာဆွဲခေါ်ဖို့အခွင့်ရေးမှမရှိဘဲ။
အဆောင်ရဲ့လျှောက်လမ်းလေးအတိုင်းဖြူနဲ့ဆရာမလျှောက်လာကြသည်။ပတ်ဝန်းကျင်ကခုမှပိုပြီးတိတ်ဆိတ်နေသယောင်။ဆရာမ ဘက်ကစကားစမလာသလို ဖြူလဲစကားစ မပြောမိပါ။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။