part 8

1.7K 66 2
                                    

"ငါတို့တွေ ဘယ်မှာစပြီးလမ်းလွဲခဲ့ကြတာလဲ"

"အစကတည်းက မှားနေခဲ့ကြတာပါဟာ.."

"ချီးထဲမှပဲ အေးရယ် အစကတည်းကမှားနေမှန်းသိရင်ပြောပါလားလို့။ခုတော့ နောက်ပြန်လှည့်ရတော့မယ်"

"အော် ငါကနင်ဖြတ်လမ်းက သွားနေတယ်ထင်လို့လေ.."

ထက်နဲ့အေးတို့နှစ်ယောက် ကျောင်းကအပြန် တာလမ်းထိပ်ကမုန့်တီဆိုင်သို့နှစ်ယောက်သားထွက်လာကြရာ ဘယ်ကဘယ်လိုလမ်းမှားသွားမှန်းမသိ။ခု အပြန်လမ်းကိုရှာမတွေ့တော့ပေ။

"မိမိုး ကလဲသူသိနေတာကို ငါတို့ကိုလိုက်မပို့ဘူး ခုတော့ ငါတို့ခြေထောက်ညောင်းတာပဲအဖက်တင်တယ်။မုန့်တီလဲ မသောက်ရဘူး"

"ညီး မနေစမ်းပါနဲ့ထက်ရယ် မတွေ့တော့လဲပြန်လှည့်ကြရုံပေါ့။နောက်နေ့ကျမှ မိုးကိုခေါ်ပြီးပြနမလာကြမယ်"

"အဲ့ဒါပဲကောင်းတယ် လာသယ်ချင်းပြန်မယ်"

ထက်နဲ့အေး တစ်ယောက်ပခုံးတစ်ယောက်ဖက်ကာမိမိတို့၏အိမ်ပြန်လမ်းဆီသို့ ဦးတည်၍လျှောက်လာခဲ့တော့သည်။
........................................................................
"ရှားပါခြင်းနဲ့ရွေးချယ်မှုပြဿနာရဲ့ စာပိုဒ်သုံးပိုဒ်နဲ့ထုတ်လုပ်နိုင်မှု အခြေပြမျဉ်းကွေးကစာပိုဒ်နှစ်ပိုဒ်ကို မနက်ဖြန်ကျရင် လာဆိုရမယ်။ဒီနေ့တစ်ခါထဲ ရှင်းပြပေးပြီးသားဆိုတော့ အားလုံးမနက်ဖြန်ကျရင်လာဆိုနိုင်မယ်မလား"

"ဟုတ်ကဲ့ပါ ဆရာမ"

"ထုတ်လုပ်နိုင်မှုအခြေပြမျဉ်းကွေးရဲ့ လျှောစောက်ပုံနဲ့တွက်ချက်နည်းကိုနောက်နေ့ကျရင် ဆက်ရှင်းပြမယ်။ဒီနေ့တော့ဒီလောက်ပဲ။အားလုံးမင်္ဂလာပါ"

"မင်္ဂလာပါ ဆရာမ"

ဆရာမထွက်သွားတော့‌ နောက်တစ်ချိန်က Phys ဖြစ်တာကြောင့် Phys ဆရာမအလာကိုစောင့်နေရင်း Eco ဆရာမရှင်းပြသွားတဲ့ စာပိုဒ်တွေကို ဖြူပြန်ပြီးဖတ်ကြည့်နေသည်။

ဖြူနဲ့ထက်က Eco တွဲဖြစ်ပြီး မိုးနဲ့အေးက Bio တွဲကမို့ လောလောဆယ်အခန်းထဲမှာ မိုးနဲ့အေးကမရှိသေး။Bio ဆရာမကစာသင်ရင် တော်တော်နဲ့မပြီး သေသေချာချာရှင်းပြပြီး ရပြီးဆိုမှပြန်လွှတ်တတ်သည်။

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now