"ယွန်း နင်အဆင်ပြေရဲ့လား.."
ခြံနောက်ဘက်မှာထိုင်နေတဲ့ ယွန်းလေးကို ရှိုင်းကအနားမှာ လာထိုင်ကာမေးလေသည်။ယွန်းလေးဟန်ဆောင် ပြုံးပြလိုက်ပြီး
"ပြေအောင်နေ နေပါတယ်ရှိုင်း"
"နင်အဆင်မပြေရင် ငါ့ကိုပြောနော် ငါတို့ကသူငယ်ချင်းတွေပဲဟာ နင်ငိုချင်ရင်လဲငိုချလိုက် ငါရှိတယ်"
ရှိုင်းရဲ့အပြောကြောင့် ယွန်းလေးတင်းထားသမျှကို မျက်ရည်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီး ရှိုင်းပခုံးကိုမှီကာ အားရတဲ့ထိငိုနေမိသည်။
"ငိုပါယွန်း နင်ရင်ထဲမှာ အဆင်ပြေသွားတဲ့ထိငိုပါ ပြီးရင်တော့ စိတ်မကောင်းဖြစ်စရာတွေကို ထပ်ပြီးမတွေးပါနဲ့တော့ဟာ ငါ့သူငယ်ချင်းဖြစ်တဲ့နင်က ခုလို ဝမ်းနည်းနေတော့ ငါစိတ်မကောင်းဘူးဟ"
ရှိုင်းကပြောနေရင်း ငိုသံပေါက်လာကာ ယွန်းလေးနဲ့ အတူလိုက်ငိုလေသည်။ယွန်းလေးခေါင်းပြန်မတ်လိုက်ပြီး
"ရှိုင်း နင်ကဘာလို့ငိုနေတာလဲ"
"နင်ငိုနေတာမြင်ရတော့ ငါစိတ်မကောင်းလို့ ငိုမိတာ"
"ရှိုင်း...."
"အွန်း....ပြောလေ.."
"ကျေးဇူးပါနော် ငါ့အနားမှာအမြဲ ရှိနေပေးလို့"
"ငါပြောပြီးပြီပဲ ယွန်းရယ် ငါတို့ကသူငယ်ချင်းတွေပါလို့ နင်ငိုနေတာကိုမြင်ရက်နဲ့ နင့်အနားမှာမရှိပေးနိုင်ရင် ငါသူငယ်ချင်းကောင်း ဘယ်ပီသပါတော့မလဲ...ပြီးတော့....."
"ပြီးတော့ဘာဖြစ်လဲ..."
ရှိုင်းက ယွန်းနားကပ်ကာ သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး.....
"နင်နဲ့ မမဖြူကြောင့် ငါနဲ့ ကိုကိုစည်သူ အဆင်ပြေသွားပြီလေ...."
သူငယ်ချင်းအသုဘထိ လင်တရူးနေတဲ့ ရှိုင်းရဲ့လက်မောင်းကို ယွန်းခပ်ဆတ်ဆတ်လေး ရိုက်လိုက်သည်။
"မသာကောင် ငါကတော့ ငါ့သူငယ်ချင်း ငါ့ကိုအရမ်းချစ်ပါလားလို့ တွေးနေတာ လက်စသတ်တော့ ...နင်က နင့်လင်နဲ့အဆင်ပြေချင်လို့ကို ဟင်...."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။