"ဟိတ်ကောင်တွေ မင်းတို့ငါ့ကို ဘာလုပ်ထားတာလဲ ငါ့ကို ခုလွှတ်စမ်း ခွေးမသားတွေ သတ္တိရှိရင် တစ်ယောက်ချင်း ချမလား ဟေ့ကောင်တွေ...."
မှောင်မဲနေတဲ့ ဂိုထောင်ပျက်တစ်ခုစီမှ အော်ဟစ်သံတွေဟာ အပြင်ပတ်ဝန်းကျင်ထိ ပျံ့နှံ့လို့ လာလေသည်။
"ဟိတ်ကောင်တွေ ငါဘယ်သူလဲ မင်းတို့သိလား ....မြန်နာနိုင်ငံက နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Kaung Group ရဲ့ ဆက်ခံသူကွ..."
ထိုအချိန် ထိုအမျိုးသားစီသို့ လူတစ်ယောက် ရောက်လာလေသည်။ထိုသူ့ရဲ့ မျက်နှာမှာလဲ ဒေါသတွေနဲ့ သွေးအေးရက်စက်မှုတွေဟာ ထင်းလျက်သား တည်ရှိနေသည်။
သူမျက်စပစ်ပြလိုက်တာနဲ့ သူ့ရဲ့ တပည့်လို့ထင်ရသူတွေဟာ အဖမ်းခံထားရတဲ့ အမျိုးသားရဲ့မျက်လုံးကို စည်းထားတဲ့ ပိတ်စကိုဖြုတ်ပေးလိုက်သည်။
ထိုအမျိုးသားလဲ သူ့ကို ဖမ်းထားတဲ့သူရဲ့ မျက်နှာကို မော့ကြည့်လိုက်ရာ.....
"ဟင် ...မင်း.. မင်း ..ချောင်းသာမှာတွေ့ခဲ့တဲ့ ကောင်မ မလား.."
"မှတ်မိသားပဲ မှတ်ဉာဏ်က ဘယ်ဆိုးလို့လဲ..."
သေချာတာပေါ့ ထိုလူဟာ အရမ်းကို နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ ဆရာမမိုးသားဆွေပါလေ။
"မင်း ငါ့ကို ဘာလုပ်တာလဲ ငါဘယ်သူလဲ မင်းမသိဘူးလား ဟင် ....ငါအမိန့်ပေးလိုက်ရင် မင်းကို ရေဆုံးမြေဆုံး လိုက်ရှာပြီး သတ်ပစ်ကြမှာကွ သိလား...."
"ဟက် ....ငါကကြောက်မယ်ထင်လို့လား နင်ဘယ်သူလဲဆိုတာ ပြောပြီးရင် ငါဘယ်သူလဲဆိုတာကိုနားထောင် ငါ့နာမည် မိုးသားဆွေ.....အော်... မှားလို့ မင်းသိအောင်ပြောရရင် Rain ငါ့နာမည်က Rain ဘယ်လိုလဲ Rain ကိုတော့ ကောင်းကောင်းကြီး သိမယ်ထင်ပါတယ်..."
"ဟင် ...မင်း....မင်းက Rain....ဒါ....ဒါဆို ဦးထွဋ်ခေါင်ရဲ့ မြေးဆိုတာ...."
"ဟုတ်ကဲ့ ကျွန်မပါတဲ့ရှင်..."
"ကျွန် ....ကျွန်တော် တောင်းပန်ပါတယ်ဗျာ ဟောဒီ့က အမကိုလေ.. ကျွန်တော် Rain မှန်းမသိခဲ့လို့ပါ ကျွန်တော့်ကို ခွင့်လွှတ်ပါနော်.."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။