part 20

1.6K 62 8
                                    

"အဖြူရေ မမခင်တော့ အခန်းထဲမှာ အိပ်ပျော်...."

မိုးသားစကားပင် မဆုံးလိုက်ခင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခေါင်းပေါ်ကို မိုးကြိုးပေါင်း တစ်ရာလောက် ပစ်ချလိုက်သလို ခံစားလိုက်ရသည်။

"အဖြူ....."

စာရွက်တွေကို ကိုင်ထားတဲ့ အဖြူဟာ မိုသားကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့လှမ်းကြည့်လာသည်။

"အဖြူ အဲ့.....အဲ့တာ ဆရာမရှင်းပြ...."

"ဘာကို ရှင်းပြမှာလဲ ဆရာမ ဖြူက ဘာများမေးမိလို့ ဆရာမက ရှင်းပြမှာလဲ။ဆရာမ မဟုတ်တာ တစ်ခုခု လုပ်ထားလို့လား..."

"ဟို.... အဖြူ အဲ့တာကလေ..."

"ကျွန်မ အဖေနဲ့ပက်သက်မှုလေးကို ရှင်းပြပါဦး ဒေါ်မိုးသားဆွေ ကြည့်ရတာ ပြောမထွက်ဘူးထင်တယ်...."

"အဖြူ အမှန်တော့လေ ဆရာမ မသိခဲ့လို့ပါ ဦးမြတ်မင်းက အဖြု့အဖေဆိုတာကို ဆရာမတကယ်မသိခဲ့မိလို့ပါ.."

"ရှင့်ကို သိလားလို့မေးနေတာမှ မဟုတ်တာ ဘယ်လိုပက်သက်လဲလို့မေးနေတာ ဒေါ်မိုးသားဆွေ ရှင်ကိုယ်တိုင်အမှန်တရားကိုပြောမလား ကျွန်မကိုယ့်ဖာသာ သိအောင်စုံစမ်းရမလား ကျွန်မစုံစမ်းလို့မှ သိရတယ်ဆိုရင်တော့ အရာအားလုံး ဒီ့ထက်ပိုဆိုးသွားလိမ့်မယ်နော်...."

"အဖြူ့ အဖေက ဆရာမ အဖိုးဆီကနေ ပိုက်ဆံချေးထားတာ..."

"အင်း...ဆက်ပြော.."

"အဲ့တာ ပြန်မဆပ်နိုင်လို့ အဖြူ့အဖေရဲ့ ကုမ္ပဏီဆီ ဆရာမကိုသွားခိုင်းပြီး အကြွေးတောင်း‌ခိုင်းခဲ့တယ်။ပြီးတော့... ဆရာမ အဖြူ့အဖေကို.. ဟို...."

"ဘာဖြစ်လဲ ဆက်ပြောလေ ဖြူ့အဖေကိုရှင်ဘာလုပ်ခဲ့တာလဲလို့ ..ဟင်.. ပြောလေ...."

"ဟိုလေ ...ဆရာမ...."

"ဒေါ်မိုးသားဆွေ ရှင်လုပ်တုန်းကကျ လုပ်ရဲပြီး ခုဝန်ခံခိုင်းတော့မှ ဘယတွေကြောက်နေတာလဲဟင် ဘာလဲ ကျွန်မရှင့်ကို ထောင်ချမှာ စိုးလို့လား.."

"မဟုတ်ဘူး ....မဟုတ်ဘူးနော် အဖြူ ဆရာမ လုပ်ရဲရင်ခံရဲတယ်။ဆရာမကြောက်တာ အဖြူ ....အဖြူဆရာမကို မုန်းသွားမှာကို ..."

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now