part 7

1.7K 64 0
                                    

ညက မိုးသည်းတဲ့အချိန်မှာ မိုးသားရဲ့အတိတ်ကဒဏ်ရာတွေဟာ အိပ်မက်တစ်ခုအဖြစ်ပြန်ပြီးခြောက်လှန့်ပြန်ပါသည်။ဘယ်အချိန်ထိများ ဒီလိုတွေဖြစ်နေအုံးမှာလဲ။မိုးရွာမှာကိုကြောက်မိတဲ့ထိ အိပ်မက်ဆိုးတွေဟာ မိုးသားကိုကြောက်လန့်စေပါတယ်။

သူများနဲ့မအိပ်တတ်ပါဘူးဆိုတဲ့ ကလေးမဟာခုတာ့လဲ မိုးသားကိုဖက်ထားလိုက်တာ အသက်ရှုတောင်ကြပ်ချင်လာပြီ။ညကကိစ္စကြောင့်သူလဲ အိပ်ရေးပျက်သွားတယ်ထင်သည်။အိပ်မောကျနေလိုက်တာ။

ကလေးရဲ့ရင်ခွင်ထဲကနေသူမလေးကိုမော့ကြည့်ရင်း မိုးသားရင်တွေခုန်လာရပြန်ပါပြီ။သူ့ထက်ခန္ဓာကိုယ်သေးတဲ့ မိုးသားဟာ ခုသူ့ရင်ခွင်ထဲမှာစုန်းစုန်းမြုတ်နေလေပြီ။

မိုးသားမညာချင်ပါ သူ့ရင်ခွင်ထဲမှာနေရတာ မိုးသားအတွက် လုံခြုံတယ်လို့စိတ်ထဲမှာ ခံစားမိသည်။အချိန်အတော်ကြာကြည့်နေမိတာသူမျက်လုံးပွင့်လာမှအမြန်အကြည့်လွှဲလိုက်ရသည်။

"ဆရာမ နိုးနေတာကြာပြီလား..."

"အွန်း... နည်းနည်းတော့ကြာပြီ.."

"အယ် ...အာ့ဆို မထသေးဘဲဘာလုပ်နေတာလဲ"

"ရှင်က ကျွန်မကို ဒီလောက်တောင် တင်းနေအောင်ဖက်ထားမှတော့ ကျွန်မဘယ်လိုထမလဲ"

"အယ်... ဟုတ်သားပဲ sry နော်ဆရာမ ဟီး...."

အမှန်တော့သူဖက်ထားတာမှန်ပေမဲ့ မိုးသားရုန်းချင်ရုန်းလို့ရသားပဲ။တမင်မရုန်းခဲ့တာ။သူနဲ့အဲ့လိုလေးနေရတာကို မိုးသားသဘောကျလို့လေ။

"နိုးပြီဆိုလဲ ထ မျက်နှာသစ်တော့။ပြီးရင်မနက်စာသွားစားကြမယ်.."

"ဟုတ် ...ဒါပေမဲ့မနက်စာကဆရာမကျွေးရမှာနော်...."

"ကျွန်မပဲကျွေးမှာပါရှင်။ဘာစားချင်လဲပြော.."

"ဖြူက စတာပါဆရာမရဲ့။ညကထမင်းကြမ်းတွေရှိသေးတယ်မလား။ထမင်းကြော်ပဲစားရအောင်လေ.."

"အွန်း ...အဲ့လိုလဲရသားပဲ။ဆရာမက လက်ဖက်ရည်သောက်ချင်လို့.."

"ဆရာမ သောက်ချင်ရင် ဖြူဖျော်တိုက်မယ်လေ ဖြူ့မှာအမှုန့်ပါတယ် နို့ဆီဝယ်လိုက်မယ်"

အဖြူထည်လေးမို့ချစ်ပါတယ်Where stories live. Discover now