"သက်ငယ်..."
"ရှင်.. အန်တီ...."
ဝါ့ကို လှမ်းထူးနေတဲ့သက်ငယ်ဟာ သမီးလေးနဲ့အဆော့မပြတ်ပေ။
"သက်ငယ်လို့..."
"ကဲ ပြောပါဆိုအန်တီရယ်....."
"အန်တီ့အနားကိုလာပါအုံး..."
"ဒီမှာ ...သမီးလေးနဲ့ဆော့နေတယ်လေ အန်တီ အန်တီပြောစရာရှိရင် အိပ်ခန်းထဲရောက်မှပြောတော့နော်...."
ကလေးမွေးပြီးထဲက သက်ငယ်ဟာ ဝါ့ထက် ကလေးကိုပိုပြီး ဦးစားပေးလာသည်။ကျောင်းကပြန်လာရင်လဲ သမီးလေးကို အော်ခေါ်ပြီးမှ ဝါ့ကိုခေါ်တတ်သည်။
ဝါလဲ မိန်းမသားတစ်ယောက်ပဲမလား။ဘယ်လောက်ပဲ ကိုယ့်သွေးသားပါပြောပြော သက်ငယ်ကိုတော့ အူတိုတတ်သည်လေ။
ခုလဲ ကျောင်းကပြန်ရောက်ကတည်းက ဝါ့အနားကိုပကပ်ဘဲ ကလေးနဲ့သာဆော့နေသည်။ဝါ ဒေါပွပြီလေ...
"သက်ငယ် မင်းခုချက်ချင်းငါ့ဆီလာမလား ငါမင်းဆီကို လာခဲရမလား..."
"အန်တီပဲ လာခဲ့လိုက်လေ သက်ငယ် သမီးနဲ့ဆော့နေလို့.."
ဒီလောက်ထိ အရိပ်ပြတာတောင် အကောင်မမြင်တဲ့ သက်ငယ်ကြောင့် ဝါ့မှာ ပြောစရာ စကားတောင် ပျောက်ဆုံးသွားရသည်။
သူကလေ အကောင်လိုက်ချပြရင်တောင် ဒါဘာလဲလို့ ပြန်မေးမဲ့လူစားမျိုး....
"အေး ....ကောင်းတယ် မင်းလဲမလာနဲ့ ငါလဲမလာဘူး.. မင်း သမီးကိုပဲချစ် ငါ့ကိုလာမချစ်နဲ့ အခန်းထဲလဲ ဝင်မလာနဲ့.."
ပြောချင်ရာပြောပြီး ဝါ့အခန်းထဲဝင်ကာ တံခါးကို လော့ချထားလိုက်သည်။
"ဟာ ....အန်.....အန်တီ အဲ့လိုမလုပ်ရဘူးလေ ....သမီးကို ချစ်တာနဲ့ အန်တီ့ကို ချစ်တာမတူဘူးလေ.."
မိုးမှာ သမီးက ပေါင်ပေါ်တက်ထိုင်နေတာမို့ ထပြီးလိုက်သွားလို့လဲမရပေ။
"ဟာ ...သွားပါပြီကွာ ညစာငတ်ပြီ.."
"မာမီ ချောချောရ မန်မန်စားပြီးဝါးပြီရေ...."
"အေးလေ သမီးရဲ့ မာမီစားပြီးပြီလေ.."
"အာ့ချို ဘာရို့ ညချာ ငတ်ပီလို့ ကြောတာလဲ..."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။