လေးပင်နေတဲ့ မျက်လုံးတွေကို ဖြူအားကုန်သုံးကာဖွင့်လိုက်သည်။ညက သောက်တာများသွားလို့ထင်တယ် ခုခေါင်းတွေကိုက်နေသည်။
ညက ဟုတ်သားပဲ ညကဆိုတော့မှ ဖြူဆရာမဆီလာခဲ့တယ် ပြီးတော့ ဖြူ အရက်သောင်လိုက်တယ် အဲ့တာပြီးတော့ ဘာဆက်ဖြစ်တာလဲ ဖြူ စဉ်းစားမရတော့ပေ။
"နိုးပြီလား အဖြူ.."
အသံကြားတာကြောင့် ဖြူလှဲနေရာကနေ ဘေးစောင်းကြည့်လိုက်တော့ ဆရာမက ပြုံးကာကြည့်နေလေသည်။
"အွန်း... ညကအိပ်လို့ကောင်းလိုက်တာ..."
"အား ဆရာမ .....ဆရာမ..."
အလန့်တကြားတအော်တဲ့ ဖြူကြောင့် ဆရာမမှာ ပျာဟာခတ်သွားသည်။
"ဘာ ...ဘာဖြစ်တာလဲ အဖြူ ဘာဖြစ်လို့လဲ.."
"ဆရာမ.... ဆရာမ အင်္ကျီလဲ မဝတ်ထားဘူး ...."
ဒီတော့မှ ဆရာမက သူ့ကိုယ်သူပြန်ငုံ့ကြည့်ပြီး ခပ်ဖွဖွပြုံးကာ...
"အော် ..ဘာများလဲလို့ အဖြူရယ် ဆရာမတင်မဟုတ်ဘူး အဖြူလဲ အဝတ်မဝတ်ထားဘူးလေ.."
ဒီတော့မှ ဖြူ စောင်းကြားထဲက ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး....
"အား ...ဖြူ....ဖြူကကော ဘာလို့ အဝတ်မဝတ်ထားရတာလဲ ဘာတွေလဲ ဘာတွေ ဖြစ်ကုန်တာလဲ..."
"အဟင်း... ညက ဆရာမနဲ့ အဖြူနဲ့ ဟိုဟာ ဖြစ်ခဲ့တာလေ..."
"ဘာ ...မဖြစ်နိုင်တာ..."
"အိုကွယ် ဘာလို့မဖြစ်နိုင်ရမှာလဲ.."
"ဒီမှာ ...မနေ့ကဖြူ မူးနေတာနော် ကိုယ့်ခြေထောက်ဝောာင် ကိုယ်မသယ်နိုင်တာ ရှင်နဲ့အဲ့လို ဟိုဟာ ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး ရှင်ကလုပ်ရင်တော့ တစ်မျိုးပေါ့...."
"ဒီမှာ တို့ကလုပ်တာမဟုတ်ပါဘူးနော် အဖြူကတို့ကိုလုပ်တာ..."
"ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး မူးပြီးမှားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်။မူးနေတဲ့သူကက ဘယ်လိုလုပ်ရှင့်ကို လုပ်နိုင်မှာလဲ...."
"ဒီမှာ ယုံချင်ယုံ မယုံချင်နေ တို့တွေရဲ့ ခုပုံစံကိုကြည့်တာနဲ့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မင်းမယုံချင်ရင်တောင် သိသာနေတာပဲလေ..."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။