"ညီမမိုးသားရေ ညီမနဲ့မမခင်ကို ဆရာမကြီးခေါ်နေတယ်။သွားတွေ့လိုက်ပါဦးကွယ်"
အတန်းချိန်ပြီး၍နားနေဆောင်တွင် နားနေတုန်း သခ်ျာဆရာမ မကေသီက အနားမှာဝင်ထိုင်ရင်းပြောလေသည်။
"ဟုတ်ကဲ့ မမသီ ညီမတို့သွားလိုက်မယ်"
မမခင်ကအတန်းချိန်မပြီးသေးတာမို့ သူ့အတန်းရှေ့မှာရပ်စောင့်နေပြီး အတန်းဆင်းတော့မှ နှစ်ယောက်သား ရုံးခန်းသို့ ထွက်လာခဲ့သည်။
"ဆရာမကြီး ဝင်ခွင့်ပြုပါရှင့်"
မိုးသားဝင်းခွင့်ဝောာင်းတော့ ဆရာမကြီးကခေါင်းငြိမ့်ပြကာ ဝင်လာခိုင်းသည်။မိုးသားနဲ့ မမခင်တို့နှစ်ယောက် ဆရာမကြီးရှေ့မှာထိုင်ရင်းဆရာမကြီး ပြောမှာကိုစောင့်နေလိုက်သည်။
"ဆရာမဝို့ကိုခေါ်တာ တခြာတော့မဟုတ်ပါဘူး။ဆရာမမိုးသားနဲ့တရာမခင်အတွက် အိမ်တစ်အိမ်ရှာတွေ့ထားလို့ရယ်"
"ဘယ်နားမှာလဲဆရာမကြီး လုံးချင်းလားလိုင်းခန်းလား"
မမခင်ကမေးလေသည်။အမှန်တိုင်းပြောရရင် မိုးသားမပြောင်းချင်ပါ။ကျောင်းမှာဆိုအဖြူနဲ့အတူနေလို့ရပေမဲ့ အိမ်ပြောင်းလိုက်ရင် အဖြူနဲ့အရင်လိုအတူနေလို့ရမှာမဟုတ်တော့။ဒါကြောင့်အကြောင်းပြချက်တစ်ခုခုပြပြီး ငြင်းမယ်လို့ဆုံးဖြတ်လိုက်သည်။
"လုံးချင်းပဲဆရာမ တစ်လတစ်သိန်းတဲ့ ဆရာမတို့က နှစ်ယောက်နေမှာဆိုတော့ တစ်ယောက်ငါးသောင်းဆီပေါ့ နေရာက ဖြူတို့အိမ်ရှေ့မျက်နှာချင်းဆိုင်မှာလေ"
"မိုးသားကတော့အဆင်ပြေပါတယ်ဆရာမကြီး ချက်ချင်းပြောင်းရင်တောင်ရတယ်"
ဖြူတို့အိမ်ရှေ့မှာဆိုကတည်းက စောနကအတွေးတွေဟာ ကြက်ပျောက်ငှက်ပျောက်။အနည်းဆုံတော့ကျောင်းသွားကျောင်းပြန် အတူလုပ်လို့ရတာပေါ့။
"ခင်လဲအဆင်ပြေပါတယ် ဆရာမကြီး တစ်လငါးသောင်းကတော့မဆိုးပါဘူး။ခင်အခုနေတဲ့အိမ်ကလဲ ဒီလဆိုရင်စာချုပ်ပြည့်ပြီဆိုတော့ ဒီလကုန်ရင်ပြောင်းကြတာပေါ့.."
"လကုန်ဖို့ကလဲ လေးရက်ပဲလိုတော့တာဆိုတော့ ဆရာမတို့တွေ ထည့်စရာရှိတာထည့်ပြီး လုပ်စရာရှိတာလုပ်ကြတော့လေ။ဆရာမကြီးက ပိုင်ရှင်ဆီကို အကြောင်းကြားပေးထားမယ်။စာချုပ်ကတော့ အိမ်ပြောင်းတဲ့နေ့မှချုပ်ကြပေါ့.."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။