"အဖြူ ဆရာမ အဖြူ့တွက် ကော်ဖီဖျော်လာတယ်..."
စလာပြန်ပါပြီ။ဒေါ်မိုးသားဆွေရဲ့ နေ့စဉ်မပြီးဆုံနိုင်တဲ့ အရာတွေ။
"အဖြူ အအေးသောက်မလား.."
"အဖြူ မုန့်စားဦးလေ..."
"အဖြူ ဘာစားချင်လဲ.."
"ပင်ပန်းနေပြီလား တစ်ခုခုစားလိုက်လေ.."
တစ်နေ့တစ်နေ့ မရိုးအီနိုင်ပါသော ဆရာမရဲ့ မုန့်ဝယ်ကျွေးတဲ့အလုပ်။ကျွေးတိုင်းလဲ ငြင်းနေရတာ အားတောင်နာချင်လာပြီ။ကိုယ်မယူမချင်းကျွေးမဲ့ ပုံမှာရှိတယ်။
"ပေး....သောက်မယ် ကျွန်မ မသောက်မချင်းရှင် တစ်မျိုးပြီး တစ်မျိုးလာကျွေးနေဦးမှာမလား ပေး.....ပေး ..."
ဇွဲကောင်းလွန်းတဲ့ဆရာမကို ဖြူပဲ အလံဖြူထောင်လိုက်ပါတယ်။သူတိုက်တဲ့ကော်ဖီကို သောက်တော့ ပြုံးဖြီးနေတာ ပါးစပ်ကနားရွက်တပ်ချိတ်တော့မယ်။ဘယ်လိုလူမှန်းမသိဘူး တစ်စက်ကလေးမှ မျက်နှာပိုးမသေဘူး...
"အဖြု ဒီညနေ dinner တစ်ခုသွားဖို့ရှိတယ်နော် တို့ရဲ့ စီးပွားဖက် တော်တော်များများလာမှာဆိုတော့ တို့လဲ မသွားလို့မကောင်းဘူး....အဲ့တာ ညနေကျရင်လိုက်ခဲ့နော်..."
"ဟုတ်ကဲ့....."
တစ်နေ့လုံးရုံးမှာ လုပ်စရာရှိတာတွေကိုလုပ်ပြီး ညနေကျ သူနဲ့အတူ ညစာစားပွဲသို့ ထွက်လာခဲ့သည်။dinner ဆိုတာ ညပိုင်းပဲ လုပ်ရတာကို သူတို့က ညနေပိုင်းကြီး စိတ်ကောမှန်သေးရဲ့လား မသိဘူး....
သူတို့ဘာလို့ ညနေပိုင်းလုပ်လဲ ဟိုရောက်တော့မှ ဖြူသဘောပေါက်သည်။ပွဲမစခင်ကတည်းက လူကြီးလူကောင်းတွေပီပီ ကာစီနိုဝိုင်းလုပ်နေကြတာကိုး...
ဆရာမလဲ မလွှဲသာလို့လား ဆော့ချင်လို့ပဲလားမသိ ဝိုင်းတစ်ဝိုင်းထဲရောက်သွားပြီ။ဖြူကတော့ ဆရာမရဲ့ ဘေးမှာပဲ ဝင်ထိုင်နေလိုက်သည်။
ပိုကာဆွဲနေကြတာမို့ ဖြူ သူတို့ဆော့တာကို နားမလည်။ဖဲတွေ ပစ်ပေးနေတာနဲ့တင် အတော်မူးနောက်နေပြီ။ဆရာမ ဒါတွေ ဘယ်ကတတ်လာပါလိမ့်....
"ဟေ့ rain Are you early?"
အနောက်တိုင်း ဝတ်စုံနဲ့ ခန့်ညားတဲ့ အမျိုးသားတစ်ယောက်က ဆရာမရဲ့ ပခုံးကိုပုတ်ကာ မေးလေသည်။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။