"အန်တီ ဒီမှာ ဆရာမမိုးသားလာလည်တယ်.."
"မိုးသား လာလေ ဆရာမကြီး မွေးတဲ့နေ့တုန်းကရောက်မလာလို့ မျှော်နေသေးတာ...."
မိုးသား ခုံပေါ်မှာဝင်ထိုင်လိုက်ပြီး ပြုံးပြကာ
"အဲ့နေ့က ကျွန်မ မအားလို့ပါ ဆရာမကြီး ကြားကြားချင်း ချက်ချင်းလိုက်လာချင်တာ.."
"ဟုတ်ပါပြီကွယ် ဒါနဲ့ မိုးသားဘာတွေ အလုပ်ရှုပ်နေတာလဲ သီတင်းကျွတ်ဆိုတော့ ကျောင်းကိစ္စတော့ မဟုတ်ဘူး ထင်တယ်.."
"ဟို မိုးသား ကျောင်းထွက်တော့မလို့ပါ.."
"ဟယ် ...ဘာလိုဖြစ်လို့လဲ မိုးသားရယ် တစ်ခုခုများအဆင်မပြေတာ ရှိလို့လား.."
"အဲ့လိုမဟုတ်ပါဘူး မိုးသားဒီတိုင်းပဲ ဆရာမ မလုပ်ချင်တော့လို့...."
"ဖြူ့ကြောင့်များလား မိုးသား..."
ဝါမေးတော့ မိုးသားက ခပ်ဆွေးဆွေးလေး ပြုံးပြီး
"အဖြူကလေ မသွားခင်တုန်းက မိုးသားကို ဘာပြောလဲသိလား ရှင်က ဆရာမ မဖြစ်ထိုက်ဘူးတဲ့ မိုးသားလေ ကလေးတွေကို စာသင်မယ်ကြံတိုင်း အဖြူ့ရဲ့ စကားတွေကို ပြန်ပြီးကြားယောင်မိတယ်။ဒါကြောင့် စာသင်လို့မရမဲ့အတူတူ မိုးသား ကျောင်းထွက်လိုက်တာ ပိုကောင်းပါတယ်...."
"ဆရာမကြီး ဘာပြောရမလဲတောင် မသိတော့ဘူး မိုးသားရယ်.."
ဝါနဲ့ မိုးသားတို့နှစ်ယောက် စကားထိုင်ပြောနေတုန်း ဖြူက နိုင်ငံကြားကနေ vc ခေါ်လာသည်။
"ကြီးကြီး မွေးပြီဆို ဖြူ့ညီမလေးကိုပြပါဦး.."
ဖြူ ဖုန်းခေါ်ကတည်းက မိုးသားက အခန်းထဲကနေ ထွက်သွားလေသည်။ဝါ ဘေးနားမှာ အိပ်နေတဲ့ ကလေးကို ကင်မရာ လှည့်ပြလိုက်တော့....ဖြူက ချစ်စရာလေးဆိုပြီး အသည်းယားနေသေးသည်။
ခဏလောက်စကားပြောပြီးတော့ ဖြူ ဖုန်းချသွားသည်။သက်ငယ်လဲမိုးသားနဲ့အတူ အခန်းထဲပြန်ဝင်လာပြီး ဝါ့အနားမှာ ဝင်ထိုင်သည်။
"အန်တီ သမီးလေးက အိပ်ပျော်နေပြီထင်တယ်..."
"အွန်း ...ခုလေးတင် နို့စို့ပြီးအိပ်ပျော်သွားတာ..."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။