"ဟဲ့ အဲ့လောက်တောင်ပြုံးနေတာ သွားလဲ အအေးပတ်နေအုံးမယ်..."
မိုးစက်ဝေ တစ်ယောက်ရုံးခန်းထဲကပြန်လာကတည်းကပြုံးစိစိဖြစ်နေတာ ခုကျောင်းဆင်းပြီလမ်းပေါ်ရောက်တဲ့အချိန်ထိမျက်နှာပိုးမသေသေး။
"နင်တို့ ကလဲဟာ ငါဒီမှာတီချယ်ကြီးနဲ့ကြည်နူးခဲ့တာလေးတွေကို ပြန်တွေးနေတာ နင်တို့လုပ်တာနဲ့ အတွေးတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး"
"တွေးရင်လဲ ထိန်းထိန်းသိမ်းသိမ်းလေးတွေးလေဟယ်။ခုဟာကပါးစပ်ကိုမပိတ်တော့ဘူး..."
"ဟီး ....ချစ်သူငယ်ချင်းတို့ကလဲ နင်တို့လို fa မတွေကငါ့လို RS တစ်ယောက်ရဲ့ခံစားချက်ကိုဘယ်နားလည်ပါ့မလဲလို့ ဟုတ်ဘူးလား"
"ပြောမိတဲ့ငါတို့အမှား...အော်ဒါနဲ့မိဖြူ..နင်ကအဆောင်မှာမနေဘဲဘယ်သွားမလို့လဲ.."
"အိမ်ပြန်ပြီးလိုအပ်တာလေးတွေသွားယူမလို့ဟ ဆရာမကိုငါပြောခဲ့တယ်.."
"အော်.... အေး...အေး.."
ထက် ကပြောပြီးပြန်လှည့်သွားသည်။အေးနဲ့မိုးတို့ရဲ့ စကားတိုက်ပွဲကတော့ ခုထိမပြီးသေး။
"မိုး..."
ဖြူ ခေါ်လိုက်တော့ မိုးကလမ်းလျှောက်နေရာကနေနောက်လှည့်ကြည့်လာသည်။
"နင် ငါ့ကြီးကြီးကိုတကယ်ချစ်တာသေချာလား.."
"နင်ငါ့ကိုမယုံလို့လားဖြူ။ငါလေငါ့ဘဝတစ်လျှောက်လုံးမှာ အန်တီ့တစ်ယောက်ထဲကိုပဲရင်ခုန်ခဲ့ဖူးတယ်။ချစ်တယ်လို့မပြောခင်လဲ ငါ့ကိုယ်ငါသေချာအောင် စမ်းစစ်ခဲ့ဖူးတယ်။နင်စိတ်မပူပါနဲ့ ငါကလေ နင့်ကြီးကြီးတစ်ယောက်ထဲကိုပဲ သေတဲ့ထိချစ်မှာ"
"ငါမေးတာရိုင်းသွားရင် တောင်းပန်ပါတယ် မိုး။ငါနင့်ကိုမယုံလို့မဟုတ်ပါဘူး။ဒါပေမဲ့ ကြီးကြီးကောနင်ကောက ငါချစ်ရတဲ့သူတွေလေ။အဲ့ဒါကြောင့် မျက်နှာပျက်စရာတွေမဖြစ်စေချင်လို့မေးကြည့်ရုံပါ"
"ရပါတယ်ဖြူ ငါနားလည်ပါတယ်။ငါကပျော်ပျော်နေတတ်ပြီးအရာရာမှာပေါ့ပျက်ပျက်နိုင်တယ်ဆိုပေမဲ့အန်တီ့ပေါ်ထားတဲ့ငါ့အချစ်တွေကတော့လေးနက်ပါတယ်...စိတ်ကစားတာ မဟုတ်သလို ခဏတာအတွက် သာယာတာမျိုးလဲမဟုတ်လို့နင်စိတ်ချပါနော်.."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။