ပြဿနာဖြစ်ပြီးကတည်းက အဖြူ မိုးသားကိုသိသိသာသာ ရှောင်နေသည်မှ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။မနက်ဖြန်ဆို မိုးသား အိမ်ပြောင်းရတော့မည်။မပြောင်းခင်အချိန်တွင်းမှာ အဖြူနဲ့ပြန်ပြီးပြေလည်ချင်မိသည်။
အရင်ဆို မအိပ်မချင်း စကားတွေဖောင်ဖွဲ့ပြီး ပြောတတ်တဲ့ကလေးက ခုဆိုမိုးသားဘက်ကိုတောင် လှည့်မအိပ်။ထမင်းစားရင်လဲ သူငယ်ချင်းတွေနဲ့သာစားပြီး ညနေဆိုလဲ မိုးသားမစားခင်နဲ့ စားပြီးတော့မှသာစားတတ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ အဖြူ့ကို စိတ်ကျေနပ်အောင် ချော့ပြီးပြေလည်မှုရယူရမည်။ကိုယ့်အတွေးနှင့်ကိုယ် ဆုံးဖြတ်ချက်ချရင်း အဖြူပြန်အလာကို စောင့်နေလိုက်သည်။သူငယ်ချင်းတွေနဲ့ မုန့်သွားစားမယ်ဆိုပြီးထွက်သွားတာ ညနေတောင်စောင်းနေပြီ ပြန်မရောက်သေးပေ။
ကျောင်းတံခါးဝကို လှမ်းကြည့်နေတုန်း ဂါဝန်အဖြူလေးနှင့် ကျောင်းဝန်းထဲသို့ ဝင်လာတဲ့အရိပ်လေးတစ်ခုကြောင့် မိုးသားမျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည်။
အရင်ရက်တွေလိုပဲ အဖြူဟာ မိုးသားကိုမသိချင်ယောင်ဆောင်ကာ စာကြည့်စားပွဲသို့လျှောက်သွားလေသည်။
"အဖြူ..."
မိုးသားခေါ်လိုက်တော့ ဝိုင်းစက်စက်မျက်လုံးများဖြင့် ဖြူဟာ လှည့်ကြည့်လာသည်။
"အဖြူ ဆရာမကို စိတ်ဆိုးနေတာလား"
"ဖြူ့မှာဆရာမကို စိတ်ဆိုးပိုင်ခွင့်ရှိသလား ဆရာမ"
"အဲနေ့ကဖြစ်ပျက်ခဲ့တာတွေအတွက် ဆရာမကပဲတောင်းပန်ပါတယ်ကွယ်။အဖြူကို ယောက်ျားလေးတစ်ယောက်နဲ့ အတူတွဲတွေ့လိုက်ရတော့ ဆရာမဒေါသထွက်သွားမိလို့ပါ"
"ဟက် ...ဆရာမက.. ဖြူ့ကိုယ်ကျင့်သိက္ခာကိုမယုံဘူးပဲ"
အဖြူဟာ နာကျင်စွာနဲ့ ဆိုလေသည်။ဘယ်လိုပြောပြရမလဲကွယ်။ဆရာမ အဖြူ့ကို ဘယ်လိုများပြောပြရပါ့မလဲ။ဆရာမ ဒီလိုတွေဖြစ်နေရတာ ဖြူ့ကိုယ်ကျင့်သိက္ခာကိုမယုံလို့မဟုတ်ဘဲ အဖြူ့ကို အရမ်းချစ်လို့ပါဆိုတာကိုလေ။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။