မနက်ခင်းလင်းရောင်ခြည်နှင့်အတူ မိုးသားနိုးထလာခဲ့သည်။နာရီကိုလှမ်းကြည့်မိတော့ ၆ နာရီထိုးနေပြီ။အိပ်ရာပေါ်မှထကာမျက်နှာသစ်ပြီးရေပါတစ်ခါတည်းချိုးလိုက်သည်။မိုးသားအားလုံးပြင်ဆင်ပြီးတဲ့အချိန်ထိ ကလေးကမနိုးသေးပေ။
ကလေးအိပ်နေတာလေးကိုမိုးသားခုံပေါ်ကနေထိုင်ကြည့်နေမိသည်။အပြစ်ကင်းစင်လိုက်တာ။အပူပင်ကင်းစွာအိပ်စက်နေတဲ့ ကလေးရဲ့ပုံစံလေးကနံနက်ခင်းအစမှာတင် မိုးသားရဲ့စိတ်ကိုကြည်လင်စေသည်။
မိုးသားလဲသူ့လိုမျိုးအပူပင်ကင်းစွာအိပ်စက်ချင်မိသည်။ခုတော့ဖြင့်ကိုယ့်မှာညချမ်းအချိန်မှာတောင်အေးချမ်းစွာမအိပ်စက်နိုင်ခဲ့။
မနေ့က ကလေးကိုစတွေ့ကတည်းကမိုးသားမျက်ေတာင်မခတ်ငေးနေမိခဲ့သည်။သူကတော့သူ့ကိစ္စနှင့်သူမို့ မိုးသားကိုသတိမထားမိ။ဆရာမကြီးမိတ်ဆက်ပေးတဲ့အခါမှသာမိုးသား ကိုလှည့်ကြည့်လာသည်။
သူလှည့်ကြည့်လာတော့မိုးသားငေးနေရာကနေအမြန်ပြန်လှည့်လိုက်ရသည်။အဲ့ဒီ့အချိန်တုန်းကဘာလို့မှန်းမသိမိုးသားရင်ထဲမှာတဒိတ်ဒိတ်နှင့်။
အသားဖြူဖြူ၊အရပ်ရှည်ရှည်၊မဲနက်နေတဲ့မျက်ဝန်းအိမ်လေးတွေ၊ပြုံးလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေး၊ခပ်ဆူဆူနှာခမ်းလေး........ထိုနေရာအရောက်မှာတော့ မိုးသားရေငတ်သလိုခံစားလိုက်ရသည်။အာခေါင်တွေခြောက်လိုက်တာ။
မိုးသားကြည့်နေတုန်း ကလေးက အင်း ....အဲ အသံပြုပြီးနိုးလာသည်။
"ဆရာမ နိုးနေတာကြာပြီလား"
"ကြာပေါ့ ရေတောင်ချိုးပြီးပြီ"
"ဟုတ်လား ဖြူကတော့အိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ ခုမိုးလင်းထိကိုတစ်ရေးထဲပဲ ဟီး....."
သဘောကျလိုက်တာ။ကလေး ရယ်လိုက်တိုင်းပေါ်လာတဲ့အဲ့ဒီ့ပါးချိုင့်လေးတွေကလေ မိုးသားရင်ကိုလာလာပြီးရိုက်ခတ်နေသည်။
"ဆရာမကြီးကအဝတ်စားတွေလဲလာမပို့သေးဘူး ဖြူကျောင်းကိုဘယ်လိုသွားရမလဲမသိဘူး"
"ဆရာမကြီးကလာပို့သွားပါပြီ။ကလေးအိပ်ပျော်နေလို့ ဆရာမပဲယူထားလိုက်တာ"
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။