"တကယ်ပဲ... ဒါ...တကယ်ပဲပေါ့နော်...."
မိုးတစ်ယောက် ဆေးစစ်ချက် result ကြောင့် ဝမ်းသာလုံးစို့ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။
"တကယ်ပါရှင် ညီမဆီမှာ ကျားဟော်မုန်းတွေ အမြောက်အမြားတွေ့ရပါတယ်။တကယ်လို့သာ အမျိုးသမီးတစ်ယောက်နဲ့ အတူနေခဲ့မယ်ဆို ကိုယ်ဝန်ရသွားနိုင်လောက်နဲ့ အနေထားမှာရှိပါတယ်...."
ဆရာဝန်ရဲ့အပြောကြောင့် မိုး မျက်ရည်တွေစီးကျလာသည်။ဝမ်းနည်းလို့မဟုတ်ဘဲ ဝမ်းသာလွန်းလို့ပါ။တခြားသူတွေနည်းပညာနဲ့ ကြိုးစားနေရတဲ့အချိန်မှာ ကိုယ်က သဘာဝအတိုင်း ကလေးရတော့မည်။ပြီးတော့ အန်တီ့နဲ့ မိုးရဲ့ ရင်သွေးလေးတဲ့လေ။
ဆရာဝန်ကို ကျေးဇူးတင်စကား အထပ်ထပ်ပြောကာ ပျော်မြူးစွာနဲ့ ဖြူ့ဆီကို ထွက်လာခဲ့သည်။
ဖြူ့အိမ်မရောက်ခင် အားလုံးကို ဖြူ့အိမ်မှာလူစုခိုင်းထားလိုက်သည်။မိုးရောက်တော့ လူတွေတောင်စုံနေပြီ
"မိုး ငါတို့ကို ဒီလာခိုင်းတာ အရေးကြီးကိစ္စရှိလို့လား.."
"အွန်း....ရှိတယ် ထက်... ဒါနဲ့ အန်တီကော မတွေ့မိပါလား..."
"ရှိတယ်...သက်ငယ် အန်တီ ကော်ဖီဖျော်နေတာ.."
မီးဖိုခန်းထဲကနေ ကော်ဖီခွက်ကိုင်ပြီး ထွက်လာတဲ့ အန်တီ့အနားကို မိုး အပြေးလေးသွားကာ.....
"အန်တီ ...ဘာလို့ မီးဖိုချောင်ဝင်နေရတာလဲ မပေါ့မပါးကြီးနဲ့ကို ပေး...ပေး သက်ငယ်ယူလာပေးမယ်.."
အန်တီက ကြောင်တောင်တောင်မျက်နှာပေးဖြင့် မိုးလက်ထဲကို ကော်ဖီခွက် ကမ်းပေးလာသည်။မိုးလွတ်နေတဲ့ လက်တစ်ဖက်ဖြင့် အန်တီ့လက်မောင်ကိုကိုင်ကာ ဆိုဖာဆီသို့ ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။
"ဟဲ့...မိမိုး နင်ဘာဖြစ်နေတာလဲ ငါမျက်စိနောက်လာပြီနော်....ပြောစရာရှိတယ်ဆိုလဲ မြန်မြန်ပြော.."
"အေးပါ ဖြူရယ် ပြောပါ့မယ် ဒီမှာ အန်တီက ကိုယ်ဝန်ကြီးနဲ့မို့ ငါကဂရုစိုက်နေရတာဟ.."
မိုးနဲ့အန်တီလွတ်တဲ့ နေရာမှာ ဝင်ထိုင်လိုက်ပြီး...
"မိုး ခုခေါ်လိုက်တာ အားလုံးကို အရေးတကြီးပြောစရာလေးရှိလို့ပါ..."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။