"ဒေါ်မိုးသားဆွေ ရှင်ဘာပြောလိုက်တယ် ပြန်ပြောစမ်း..."
"ဟို အဖြူ့ကို ဆရာမနဲ့အတူ လိုက်ခဲ့စေချင်တယ်လို့..."
"ကျွန်မက ဘာကျေးဇူးရှိလို့ လိုက်ခဲ့ရမှာလဲ.."
"စာသင်ပေးဖူးတဲ့ ကျေးဇူးရှိတယ်လေ..."
"ရှင်...."
"လိုက်ခဲ့ပါ ဆရာမ အဖြူ့ကို အရမ်းလွမ်းလို့ ခေါ်တာ လိုက်ခဲ့ပါနော်....."
"လိုက်ခဲ့လိုက်ပါ ဖြူရယ် ဆရာမအိမ်မှာပဲဟာ..."
ဆရာမခင်လဲ ဝိုင်းပြောတာမို့ ဖြူမေကြီးကိုသွားပြောကာ ဆရာမနဲ့လိုက်လာခဲ့သည်။
ဆရာမမိုးသားက သူ့အခန်းထဲမှာ အတူအိပ်မယ်ဆိုပြီး အတင်းခေါ်သွားတာမို့ ဖြူ့မှာ ရက်ကန်ရက်ကန်နဲ့ ပါသွားရပြန်သည်။
အိပ်ခန်းထဲရောက်တော့ ဖြူ ဆရာမနဲ့ တစ်ကုတင်ထဲအိပ်ပေမဲ့ ကျောပေးထားလိုက်ပြီး မျက်လုံးစုံမှိတ် အိပ်နေလိုက်သည်။
ဖြူ့ရဲ့လည်ပင်းနားဆီသို့ ဆရာမရဲ့ပါးပြင်လေးဟာ ထိကပ်လာပြီး ဖြူ့ကိုနောက်ကနေ သိုင်းဖက်ထားလေသည်။ဖြူ ရုန်းတော့...
"မရုန်းပါနဲ့ ဆရာမ အဖြူ့ကို ဒီလိုလေး ဖက်ထားချင်လို့ ...."
ဖြူ မရုန်းတော့ပဲ အသာငြိမ်နေလိုက်သည်။ဖြူ့ လည်တိုင်ဆီမှ ပူငွေ့ငွေ့အရည်လေးတွေ စီးဆင်းသွားတာကို ခံစားမိတော့ ဖြူသိလိုက်ပါပြီ...ဆရာမ ငိုနေပြီလေ။
အရင်လိုသာဆို မငိုပါနဲ့ ဆိုပြီး မျက်ရည် သုတ်ပေးမိမှာဆိုပေမဲ့ အခုက အရင်လိုမဟုတ်တော့တာ ခက်သား....
"အဖြူ....အရမ်းလွမ်းနေတာသိလား ဆရာမလေ အဖြူ့ကို စောင့်နေတာ အဖြူက အရမ်းနေနိုင်တာပဲနော်...
အဖြူ့ရဲ့ ကိုယ်သင်းနံ့လေးကိုလဲလွမ်းတယ် အဖြူရဲ့ တီတီတာတာ စကားသံလေးကိုလဲ လွမ်းတယ် စိတ်ဆိုးတိုင်းဆူထွက်လာတဲ့ နှုတ်ခမ်းဖူးဖူးလေးကိုလဲ လွမ်းတယ်
ရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးတွေကိုလဲ လွမ်းတယ် ဆရာမကိုညှို့ယူတတ်တဲ့ မျက်ဆံနက်လေးတွေကိုလဲ လွမ်းတယ် ဆရာမလေ အဖြူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို လွမ်းတယ်ကွယ်..."
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။