အချိန်တွေဟာ တရွေ့ရွေ့နဲ့ ပြောင်းလဲလာခဲ့တာ ခုဆို ဖြူတို့တွေ G-12 ကိုတောင်ရောက်လာကြပြီ။
ဘာတွေပြောင်းလဲသွားလဲလို့မေးရင်တော့ ဖြူ့သူငယ်ချင်းတွေအကုန် ရည်းစားရသွားပြီး ဖြူကတော့ခုချိန်ထိ fa ဘဝကမကျွတ်သေးတာလို့ပဲ ပြောရမည်။
ယွန်းလေးနဲ့ ဆရာမခင်ရဲ့ ကိစ္စကိုလဲ ယွန်းလေး အကုန်ပြောပြထားတာမို့ သိထားခဲ့တာကြာပြီ။
ကြီးကြီးနဲ့မိုးကလဲ ခုချိန်ထိ ချစ်ကြည်နူး တစ်တီတူးလို့ ကောင်းတုန်း။ဖြူနဲ့ဆရာမမိုးသားရဲ့ ဆက်ဆံရေးဟာလဲ ဆရာတပည့်မကျ ချစ်သူရည်းစားမကျ ဘယ်လိုခေါင်းစဉ်တပ်ရမလဲ မသိတဲ့ အခြေနေမှာ။
ထက်နဲ့အေးလဲ ဘယ်ကဘယ်လို ဘာတွေဖြစ်ကုန်မှန်းမသိ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားသည်။
ဒီနေ့ဟာ G-12 ရဲ့ နောက်ဆုံးစာမေးပွဲနေ့ ဖြစ်သည်။အရင်တက္ကသိုလ်ဝင်စာမေးပွဲလို အရေးကြီးတဲ့ အတန်းဖြစ်တာမို့ ဖြူတို့တွေအားလုံး တစ်နှစ်ပတ်လုံးကြိုးစားလာခဲ့ကြရတာ ဒီအချိန်ထိပင်။
Bio/Eco ဖြေပြီးတော့ ကျောင်းသားတွေအားလုံး စာမေးပွဲအခန်းထဲကနေ ကိုယ်စီထွက်လာကြကာ ဖြေနိုင်တယ် မဖြေနိုင်ဘူးနဲ့ပြောတဲ့သူတွေရှိသလို အဖြေမှန်လားမှားလားတွေတိုက်နေကြသူတွေလဲရှိသည်။
ဖြူကတော့ ဘယ်သူနဲ့မှ အဖြေတိုက်စရာမရှိ။ဖြူတို့ လေးယောက်လုံး တစ်ယောက်တစ်ကျောင်းစီ မှာဖြေကြရသည်လေ။
ဖြူအိမ်ကိုသာ မြန်ပြန်လာခဲ့ပြီး ရေမိုးချိုးကာ တစ်ရေးတစ်မောအိပ်ပြီး အနားယူလိုက်သည်။
ဖြူနိုးလာတော့ ဗိုက်စာလာတာနဲ့ အောက်ထပ်ကိုဆင်လာခဲ့သည်။အောက်ထပ်ရောက်တော့ အားလုံးလူစုံတက်စုံ ရောက်နေကြသည်။
"ဖြူ နိုးပြီလားသမီး.."
"ဟုတ်...မေကြီး..."
မေကြီးရဲ့ အမေးကိုဖြေရင်း ဖြူ လွတ်နေတဲ့ ခုံမှာဝင်ထိုင်လိုက်သည်။
"ဟဲ့ မိဖြူ ဘယ်လိုလဲ ဖြေနိုင်လား.."
"အေးဖြေနိုင်ပါတယ် ထက်ရယ် နင်တို့ကော"
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။