မနက်ဖြန်ဆို ဖြူနဲ့ဆရာမတို့ လက်ထပ်ထိမ်းမြားကြတော့မယ်။ဆရာမက အကြီးအကျယ် ကျင်းပချင်ပေမဲ့ ဖြူကရုံးတက်လက်မှတ်ထိုပြီး တစ်နေရာရာမှာပဲ အလှူလုပ်ချင်တယ်ဆိုတော့ ဆရာမက လက်ခံပေးရှာသည်။
ဒီနေ့ ဖြူအလုပ်ကနေ အိမ်ပြန်နောက်ကျသည်။ဆရာမက သူ့ကားနဲ့လိုက်ခိုင်းပေမဲ့ အလုပ်တွေကျန်နေတာကြောင့် ဖြူမလိုက်သွားဖြစ်။ဆရာမက စောင့်ဖို့လုပ်ပါသေးတယ် ဖြူအတင်းပြန်လွှတ်လို့သာ မပြန်ချင်ပြန်ချင်နဲ့ ပြန်ရရှာတာ
ဖြူနဲ့အတူ ပပလဲအတူရှိနေတာမို့ ပျင်းစရာတော့မရှိပါ။ပပက အလုပ်မှာ ဖြူနဲ့သက်တူရွယ်တူရှိတဲ့ တစ်ဦးတည်းသောသူလေ ကျန်တဲ့လူတွေက ဖြူ့ထက် အသက်ပိုကြီးတာများတယ် ငယ်တာ တစ်ယောက်စနှစ်ယောက်စသာ ပါသည်လေ
"ဖြူရေ ပြန်ကြရအောင်ဟာ ခုနှစ်နာရီထိုးတော့မယ်.."
လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဖြူ့ကို ပပကလှမ်းပြောလေသည်။
"ပြန်ကြတာပေါ့ ပပရယ် ငါဒါလေးလက်စသတ်လိုက်ဦးမယ်.."
"အေး...အေး..."
ဖြူ အလုပ်ကို လက်စသတ်ကာ ပပနဲ့အတူ ရုံးဆင်းလာခဲ့သည်။ဖြူက ဆိုင်ကယ်နဲ့ဖြစ်ပြီး ပပက taxi ငှားပြန်ရမှာဖြစ်သည်။လိုက်ပို့ပေးဖို့ ကျပြန်တော့လဲ သူနဲ့ကိုယ်က တစ်ယောက်တစ်လမ်းဆီ။
ဖြူ ပပကိုနှုတ်ဆက်ကာ ဆိုင်ကယ်ရှိရာဆီလျှောက်လာလိုက်သည်။ဆိုင်ကယ်က လမ်းရဲ့တစ်ဖက်မှာမို့ ဖြူလမ်းကူးရပါဦးမည်။
ကားရှင်းနေတာမို့ ဖြူ လမ်းအမြန်ကူးလိုက်သည်။ထိုအချိန် လမ်းတစ်ဝက်လောက်တွင် ထြူ့ မျက်နှာနားဆီသို စူးရှရှ အလင်းရောင်ကို ခံစားလိုက်ရသည်။
ဒိုင်နာကား တစ်စီးဟာ ဖြူ့ဆီသို့တည့်တည့်မောင်းဝင်လာလေသည်။ရုတ်တရက်မို့ ဖြူ ကြောင်ပြီးရပ်နေမိသည်။သတိဝင်လာတဲ့အချိန် အရမ်းနီးကပ်လာတဲ့ ကားကို ဖြူရှောင်ဖို့ အချိန်မရတော့ပါ။
"ကျွီ.......ဒုန်း...."
........................................................................
မိုးသားမနက်ဖြန် မင်္ဂလာပွဲအတွက် မမပိုးဆီရောက်နေသည်။အဖြူ့ကိုစောင့်နေတာ အတော်ကြာပြီ ခုချိန်ထိပြန်ရောက်မလာသေး။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။