"ကလေးရေ...."
ခင်တစ်ယောက် မင်္ဂလာဦးညအတွက် တက်ကြွကာ အခန်းထဲ ဝင်လာခဲ့သည်။အခန်းထဲရောက်တော့ ကလေးက ကုတင်ခေါင်းရင်းကိုမှီကာ ဖုန်းဆော့နေလေသည်။ခင် ကလေးအနားကိုသွားကာ ခါးလေးကိုဖက်ထားလိုက်သည်။
"တီချယ် ဘာလုပ်တာလဲ လွှတ်ဦး ဒီမှာမီးမီးဂိမ်းဆော့နေတယ်လေ.."
"ကလေးကလဲကွာ ဆရာမက ဒီတိုင်းလေးဖက်ထားတာပဲကို ဘာဖြစ်လို့လဲ..."
"တီချယ်က ကောင်းကောင်းဖက်ထားတာမှမဟုတ်တာ မီးမီးခါးကို လာပွတ်နေတာလေ မီးမီးယားတယ် အဲ့တာကြောင့်ဖယ်ခိုင်းတာ..."
ဟုတ်ပါတယ် ခင် ကလေးရဲ့ ခါးကို ဖက်ထားရုံပဲဖက်ထားတာမှ မဟုတ်တာ လက်နဲ့ ပွတ်သပ်နေတာလေ။ကလေးက ပြောပေမဲ့ ခင်လက်ကို မရုတ်မိသလို ပွတ်နေတာကိုလဲ မရပ်မိ...
"ကလေး ....."
"ဘာလဲ တီချယ်..."
"အိပ်ကြရအောင်လေ မိုးချုပ်နေပြီ..."
"မိုးချုပ်တယ် ခုမှ ခြောက်နာရီပဲ ရှိသေးတယ်လေ ဘယ်ကမိုးချုပ်တာလဲ အိပ်ချင်ရင် တီချယ့်ဘာသာအိပ် မီးမီးဂိမ်းဆော့ဦးမှာ..."
ဒီကလေး တကယ်ကို အရိပ်ပြလို့ အကောင်မပြင်ပါလား မင်္ဂလာဦးညပါဆိုကာမှ အိပ်ချင်ကိုယ့်ဘာသာအိပ်တဲ့....
"ကလေးကလဲကွာ ဆရာမက ကလေးနဲ့အတူအိပ်ချင်တာ ဒီဂိမ်းကြီးဆော့မနေနဲ့.."
ခင် ကလေးလက်ထဲက ဖုန်းကိုဆွဲလုပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။
"ဟာ တီချယ် မီးမီး ဂိမ်းဆော့နေတာကို ဘာလုပ်တာလဲလို့..."
"အိပ်ပါမယ်ဆိုကာမှ ကလေးက ဘာလို့ ဂိမ်းဆော့နေလဲ...."
"အိပ်ချင်ကိုယ့်ဘာသာအိပ်ပါဆို..."
"အိုကွယ် မင်္ဂလာဦးညကြီး ကိုယ့်ဘာသာအိပ်စရာလား ကလေးနဲ့ဟိုဟာ...."
"အား ...တီချယ် ဘာတွေလာပြောနေတာလဲ ရှက်စရာကြီး..."
"ကလေးကလဲကွာ ဘာရှက်စရာရှိလို့လဲ ဇနီးမယားတွေပဲ ဖြစ်နေပြီကို လာပါ အိပ်ကြရအောင်နော်...."
"တီ....တီချယ်..."
ခင် ကလေးပေါ်ကနေ အသာအုပ်မိုးကာ ကလေးရဲ့နှဖူးလေးကို အရင်နမ်းရှိုက်လိုက်သည်။ပြီးတော့ မျက်ခမ်းစပ် နှာခေါင်း ပါးပြင် ပြီးတော့ နှုတ်ခမ်းဖူးဖူးလေ ဆီသို့..
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။