"ယွန်း ကလဲဟာ လိုက်ခဲ့ပါဆို..."
ရှိုင်းတစ်ယောက် ယွန်းနားကပ်ကာ နားပူနားဆာလုပ်နေသည်။
"မလိုက်ချင်ပါဘူးဆို ရှိုင်းရယ် နင်ကလဲ နင်တို့အတွဲကြားထဲ ငါက ဘာလိုက်လုပ်ရမှာလဲ"
"လိုက်ခဲ့ပါ ယွန်းရယ် ကိုကိုစည်သူက ငါနဲ့နှစ်ယောက်ထဲဆို တွေ့မှာမဟုတ်ဘူးဟ.."
"နင် ဘာလုပ်ထားလို့ ကိုကိုစည်သူက တစ်ယောက်ထဲမတွေ့ရဲရတာလဲ မှန်မှန်ပြောနော် ရှိုင်း..."
"ဘုရားစူး မိုးကြိုးပွတ် ဘာမှမလုပ်မိပါဘူးဟာ.."
"မိုးကြိုးက ပစ်ရမှာလေ မသာရဲ့..."
"ပစ်ရင်သေမှာပေါ့ ဗိုင်းနာမရဲ့...."
"ဘာပဲဖြစ်ဖြစ် ငါမလိုက်ဘူးနော် တီချယ်ဆူလိမ့်မယ် ဟ.."
"နင်ကလဲ တီချယ်မသိအောင်လိုက်ခဲ့လေ ငါတို့ ကျောင်းနားက ဘုရားပဲသွားကြမှာပါဟ နင်အဖော်ခေါ်ချင်ခေါ်ခဲ့လေ..."
"တီချယ်နဲ့ အတူပြန်ရတာကို တီချယ်မသိအောင် ဘယ်လိုထွက်ရမလဲ သေနာကောင်ရဲ့.."
"ယွန်းရယ် လုပ်ပါဟာ လိုက်ခဲ့ပါနော် ငါ ကိုကိုနဲ့မတွေ့ရတာ ကြာပြီဟ..."
မျက်နှာငယ်နဲ့ပြောလာတော့လဲ ယွန်းလေးမနေနိုင်ပြန် ကူညီချင်မိပြန်သည်။အမှန်တော့ ကိုကိုစည်သူက ရှိုင်းကို စိတ်ကောက်နေတာမို့ နှစ်ယောက်ထဲမတွေ့ခြင်းဖြစ်သည်။ခုတောင် ယွန်းလေး ဝိုင်းပြောပေးလို့ ဘုရားမှာတွေ့ဖို့ လက်ခံတာ....
"ပြီးရောဟာ လိုက်ခဲ့မယ်....ဒါပေမဲ့ ငါကျူရှင်သွားတဲ့အချိန်ကို ချိန်းလိုက် ငါကျူရှင် မတက်ဘဲ ထွက်လာခဲ့မယ်...."
"ကျေးဇူးပါ သူငယ်ချင်းရယ် နင့်ကျေးဇူးကိုလေ ငါနဲ့ကိုကို ကလေးရတဲ့ထိမမေ့ဘူး..."
"နှာဘူးကောင်ကြီး...."
ညနေရောက်တော့ ယွန်းလေးကျူရှင် မသွားတော့ဘဲ ရှိုင်းနဲ့ချိန်းထာတဲ့ဆီ ထွက်လာခဲ့သည်။ယွန်းလေး တီချယ့်ကို မပြောပေမဲ့ ကြီးကြီးကိုတော့ ဘယ်သွားမယ်ဆိုတာ ပြောလာခဲ့သည်မို့ စိတ်ပူစရာတော့မရှိ။
ချိန်းထားတဲ့ဆီရောက်တော့ ရှိုင်းနဲ့ကိုကိုစည်သူက အရင်ရောက်နှင့်နေပြီး ယွန်းလေးကိုစောင့်နေကြသည်။
YOU ARE READING
အဖြူထည်လေးမို့ချစ်ပါတယ်
Non-Fiction"ဆရာမ ဘာကြောင့်ချစ်တာလဲဟင်" "အဖြူထည်လေးမို့ချစ်ပါသတဲ့ရှင်" အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်စာရေးသူ၏ညံ့ဖျင်းမှုကြောင့်ပါဗျ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။