အခန်း ၂ Variety Show မှာ အတူတူ ပါဝင်
Hialeah နိုင်ငံတကာ လေဆိပ်၌ TMEA ထိပ်တန်း ဂီတနှစ်ပတ်လည်ပွဲတော်ကို အခုလေးတင် တတ်ရောက်ပြီးသူ လုမင်ယွဲ့ဟာ ဖျော်ဖြေရေးလောကက နောက်ဆုံးသတင်းတွေကို ကြည့်နေခဲ့တယ်။
သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့ထားခဲ့ပြီး မပျော်ရွှင်တာ သိသာနေတယ်။
သူ့မန်နေဂျာ ချန်စုက မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ဆူပူလာတယ်။ "မင်းက အရမ်းစိတ်လိုက်မာန်ပါ လုပ်တာပဲ။ ချင်ယိထန်က မင်း စီနီယာကွ။ မင်းသူနဲ့ အဆင်မပြေဘူး ဆိုရင်တောင် စင်ပေါ်မှာ သူ့ကို ဆူပူလိုက်လို့ မရဘူးလေ။ မင်းက ချင်ယိထန်ကို ဂီတအပတ်စဉ် စာရင်းမှာ ရှုံးတာကြောင့် လက်စားပြန်ချေတာလို့ မားကတ်တင်း အကောင့်တွေက ပြောနေကြပြီ"
ချန်စုက နားပူနာဆာ လုပ်နေတာကို မရပ်သလို လုမင်ယွဲ့ကလည်း သာမန်ကာလျှံကာ နားထောင်နေခဲ့တယ်။
လုမင်ယွဲ့ရဲ့ ပူပင်ကင်းမဲ့တဲ့ သဘောထားကို မြင်ချိန် ချန်စု အမျက်ချောင်းချောင်း ထွက်တော့တယ်။
လုမင်ယွဲ့က ဖျော်ဖြေရေးလောကမှာ ရိုးရှင်းတဲ့ မျက်နှာအလှလေးနဲ့ အနုပညာရှင်တစ်ယောက်အဖြစ် လူသိများတယ်။ သူက ချောမောခန့်ညားတဲ့ ရုပ်သွင်၊ ကြွေထည်လို ဖြူတဲ့အသားအရည်နဲ့ ခပ်ပြည့်ပြည့် နှုတ်ခမ်းတွေ ရှိပြီး အရမ်း ဆွဲဆောင်မှုရှိပုံ ပေါ်ပေမဲ့ ဘယ်လိုမှ မိန်းမ မဆန်ဘူး။ သူ့ရဲ့ ဖြူဖွေးနူးညံ့တဲ့ မျက်နှာက ချောမောတဲ့လူတွေ များပြီး မထူးဆန်းတဲ့ ဖျော်ဖြေရေးလောကမှာ အထင်ရှားဆုံးပဲ။
သူ့ရုပ်ရည်ကို အခြေခံပြီး ဖျော်ဖြေရေးလောကမှာ သူက သေချာပေါက် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေရမှာ။
သူက အရမ်း မဆင်မခြင်လုပ်တာ သနားစရာပဲ။
ထိပ်ဆုံးကနေ အစစ်အမှန် အားပေးသူ တစ်ဝက်ရှိနေစဉ် တိုက်ခိုက်သူကလည်း တစ်ဝက်ရှိတယ်။
လုမင်ယွဲ့ ပြဿနာလေး နည်းနည်း ဖြစ်လိုက်တာနဲ့ သူ့ရဲ့တိုက်ခိုက်သူတွေက သူ့ကို အသရေဖျက်ဖို့ လာကြလိမ့်မယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...