Part 47

322 53 0
                                    


အခန်း ၄၇ သနားညှာတာမှု တောင်းခံ

လရောင်ကတောက်ပပြီး ကောင်းကင်မှာ ကြယ်အနည်းငယ်ရှိနေတယ်။ နွေရာသီညက နည်းနည်း

အေးစိမ့်စိမ့်နိုင်တယ်။

ကောင်းကင်က ကတ္တရာစေးလို မှောင်နေပြီး ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ အဝါရောင်မီး တောက်က ပိန်းပိတ်အောင် မှောင်နေတဲ့ညအတွက် အလင်းပေးနေတယ်။

သူတို့ခြောက်ယောက်က မဲနှိုက်ရွေးချယ်မှု အရ ညကို အပိုင်းသုံးပိုင်းခွဲပြီး တစ်လှည့်စီစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

စောင့်ကြည့်ဖို အချိန်မကျသေးဘူး။

လုယန်၊ လုမင်ယွဲ့နဲ့ ဝမ်ကျန်းက မီးပုံဘေးမှာထိုင်ပြီး စကားပြောနေကြတယ်။

လင်းရှင်းမုန့်က ကျိုးမော့လီနောက်ကို လက်နှိပ်ဓာတ်မီးတစ်လက်နဲ့ တဲပတ်ဝန်းကျင်ကို လိုက်နေတယ်။ သူတို့က မစ်ရှင် ၃ ရဲ့ အချက်အလက်ကို ရှာဖွေနေကြတာ။

အခြားတစ်ဖက်မှာတော့ ချင်ယိထန်က တဲထဲမှာခွေနေဆဲဖြစ်ပြီး သူ့ကျောပိုးအိပ်ကို တင်းတင်းကိုင်ထားတယ်။

သူမမေးကို ဒူးပေါ်တင်ကာ ဝမ်ကျန်းက မှောင်မိုက်ပြီး အဆုံးမရှိတဲ့ အဝေးတစ်နေရာကိုကြည့်ရင်း ခိုက်ခိုက်တုန် သွားတယ်။

"ဒီမှာက ညဆို အရမ်းတိတ်ဆိတ်တာပဲ။ ကျွန်မ ရုတ်တရက် နည်းနည်းကျောချမ်းလာသလို ခံစားရတယ်"

ဟိုမှာဆို အနည်းဆုံးတော့ ပင်လယ်ရဲ့ လှိုင်းခက်သံ ဖျော့ဖျော့ကိုကြားရသေးတယ်။ ဒီမှာကတော့ တိတ်ဆိတ်နေတာကလွဲလို့ ထိတ်လန့်ဖွယ် တကျွီကျွီမြည်သံနဲ့ တီးတိုးသံပဲရှိတယ်။

"မင်ယွဲ့ လေထု တက်ကြွအောင် နင်ဘာလို့ သီချင်းမဆိုတာလဲ" လုယန်အကြံပေးတယ်။

"နင် ဘာနားထောင်ချင်လဲ" လုမင်ယွဲ့က မေးပင့်လိုက်တယ်။ "ရှိနေတဲ့ တရုတ်သီချင်း အကုန်လုံးကို ငါ သိတယ်"

လုယန်မေးလာတယ်။ "ဝမ်ကျန်း ဒီနေ့ပြောတဲ့ ချုံပုတ်သီချင်း ဆိုရင်ရော"

ဝမ်ကျန်းက တည့်တည့်မက်မက်ထိုင်ရင်း အားသစ်လောင်းကာ သူမကိုယ်တိုင် စေတနာဝန်ထမ်း လုပ်လာတယ်။ "ကျွန်မလဲပါမယ်။ ဒီသီချင်းက အမျိုးသားနဲ့ အမျိုးသမီး စုံတွဲသီချင်း။ စလိုက်ရအောင်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now