Part 33

612 79 0
                                    


အခန်း ၃၃ နိုင်ငံရတနာ မောင်နှမ

"ငါတို့ဘယ်သွားရမလဲ။ နင်သိတာလား။ ဘယ်နေရာလဲ"

"ငါတို့က ထွက်ပေါက်ရှိတဲ့နေရာကို ဦးတည်သွားနေတာ"

သူမရဲ့ ဖန်လိုမျက်လုံးတွေက သူမနှလုံးသား အောက်ခြေက အပြုံးတစ်ခုကို ထုတ်ဖော်ပြလာတယ်။ လုယန် ရဲ့ မျက်လုံးတွေက လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားတယ်။

"နောက်ထပ် ကြောက်စရာကောင်းတဲ့ ဟာသပဲ..."

"ဒါက မရယ်ရတဲ့ ဟာသဆိုပေမဲ့ လုယန်က အချိန်တိုင်း ရယ်တယ်ဆိုတာ လူတိုင်း သတိထားမိကြလား။ သူမက အချိန်တိုင်း ပြုံးနေလိမ့်မယ်"

"ဒါက သူ့နှလုံးသားစီ သွားတဲ့လမ်းလို့ ပြောမယ်လို့ ထင်လိုက်တာ"

"ကံကောင်းထောက်မလို့ သူက သူ့ညီမကိုပဲ ကြောက်စရာကောင်းတဲ့ ဟာသပြောပြနေတာ။ အခြားသူတွေရှေ့မှာသာ ဒီလိုဆိုရင် လုမင်ယွဲ့ အရိုက်ခံရလိမ့်မယ်။ အိုး..လုမင်ယွဲ့က လူတွေကို ရိုက်တဲ့ သူဆိုလို့ ယူဆရမှာပဲ။ အာရုံပျက်စေတဲ့အတွက် ဆောရီးပါ"

"အမ် ဘာလို့ဒီမှာ သစ်သားအိမ်ရှိနေတာလဲ" လုမင်ယွဲ့ရဲ့ အသံက ရုတ်ခြည်းကျယ်လောင်လာတယ်။

လုယန်က သူ့ကို မျက်နှာချင်းဆိုင်လာတယ်။

သစ်သားပေါ်တွင် ၇၃၃၀ နံပါတ်တစ်ခု ရှိနေတယ်။

"ဒီသစ်သားအိမ်က အရမ်းဟောင်းနွမ်းနေတာပဲ" လုမင်ယွဲ့က ကွန်ပလိန်းတတ်တယ်။

လုယန် ခေါင်းညိတ်လာတယ်။ "ဟုတ်တယ်"

လုယန်ကို သူ့နောက်က မြက်ပင်တွေ သစ်ကိုင်းတွေ ခိုက်မိခြင်းမှ ကာကွယ်ဖို့ လုမင်ယွဲ့က လမ်းလျှောက်ရင် ရှေ့ကလမ်းကို ကျယ်စေတယ်။

မနက်က လုယန် လာတဲ့အချိန် သူမက လမ်းကို အထူးတလည် ကြိုမဖွင့်ခဲ့ပေမဲ့ ကံကောင်းထောက်မလို့ သူမက ကုတ်အပါးလေး ဝတ်ထားတာကြောင့် ပြတ်ရှတာ ခြစ်မိတာတွေကနေ ရှောင်နိုင်တယ်။

ဒီမနက် အတွေ့အကြုံရထားတာကြောင့် လုယန်က လမ်းလွှဲသွားဖို့ မလိုဘူး။ သူမက ဝါးတောဆီ တန်းတန်းပဲ ရှေ့ဆက်သွားတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now