Part 41

359 62 0
                                    


အခန်း ၄၁ သူ့ကို ရိုက်နှက်

နေက မိုးကုတ်စက်ဝိုင်းကနေ မြင့်တတ်လာကာ

အဝေးက ကန်းရိုးတန်းဆီသို့ အဆုံးမရှိ ပြန့်ကားလာပြီး ပူပြင်းတဲ့ အလင်းရောင်နဲ့ တောက်ပလာတယ်။

လူတိုင်းက သူတို့ကျောပိုးအိတ်ထဲ ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။

လုယန်နဲ့ လုမင်ယွဲ့က ပရိုဂရမ်အဖွဲ့က ထောက်ပံ့ပေးထားတဲ့ ဘီစကစ်ကို ကုန်သွားပြီ။ သူတို့အိတ်တွေထဲမှာ အလေးဆုံးပစ္စည်းက အစောပိုင်းမှာ သူမလဲလှယ်ထားတဲ့ သံရေပုံးပဲ။

လုယန်က အိတ်ကြီးကို ကြည့်ပြီး တစ်ခုခုကို တွေးနေပုံရတယ်။ "မင်ယွဲ့ ငါတို့ ဒီမှာ အများဆုံး သုံးရက်လောက်နေရဦးမှာ။ ရေပုံးကို ဒီမှာထားခဲ့လိုက်။ ယူလာဖို့ မလိုဘူး"

"ကောင်းပြီ" လုမင်ယွဲ့က တုံ့ပြန်ပြီး ရေပုံးကို ချလိုက်တယ်။

ကမ်းခြေမှာ တပ်ဆင်ထားတဲ့ ကင်မရာရှိပြီး လက်ရှိ ဒီနေရာက variety show ရဲ့ အဓိက နေရာဆိုတဲ့ အဓိပ္ပါယ်ပင်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ပင်လယ်ဘေး ပတ်ဝန်းကျင်ကို ကန့်သတ်ထားတယ်။ ပရိုဂရမ်အဖွဲ့က ရှင်သန်ရုန်းကန်တဲ့ သက်ရောက်မှုတစ်ခုကို ဖန်တီးချင်ရင် သူတို့က ပိုပြီး အန္တာရာယ်ရှိတဲ့ နေရာကို ပြောင်းရလိမ့်မယ်။

အခြားတစ်ဖက်မှာ လုယန်က ပင်လယ်ရေကို ရေချိုဖြစ်အောင်လုပ်တဲ့ အချို့နည်းလမ်းကို အတော်သိတယ်။ ဥပမာ နောက်ပြန်လှည့်ပတ် နည်းနဲ့ ပေါင်းခံနည်းလမ်းကို အများဆုံးသုံးကြတယ်။ အသုံးမများတဲ့ အိုင်းယွန်း လဲလှယ်နည်းနဲ့ ပင်လယ်ရေကို အေးခဲတဲ့ နည်းလမ်းတွေလဲ ရှိတယ်။

ဒါပေမဲ့ အဲဒီနည်းလမ်းတွေက ကိရိယာတည်ဆောက်ဖို့ ပစ္စည်းတွေမရှိဘဲ လုပ်ဆောင်ဖို့ ခက်ခဲတယ်။

လုယန်ရဲ့ မျက်လုံးတွေက မဝေးတဲ့နေရာမှာ မပြောင်းမလဲရှိနေတဲ့ မြောက်ဘက်က ကျယ်ပြောတဲ့ တောဆီကို ရောက်သွားတယ်။

သူမက ဒီနေရာရဲ့ အလွှာကို လေ့လာနေခဲ့တာ။

ဧရိယာရဲ့ အပူချိန်နဲ့ မိုးရွာတာတွေက ပုံမှန်အားဖြင့် ဖွဲ့စည်းနေတဲ့ သစ်ပင်တွေရဲ့ပျံ့နှံ့ပေါက်ရောက်မှုကို သတ်မှတ်ပြီး တောင်တွေရဲ့ ဖွဲ့စည်းပုံကလဲ ရေဆုံးရှုံးမှုကို သက်ရောက်စေခဲ့ရာ သစ်ပင်တွေရဲ့ ကြီးထွားမှုကို ပြောင်းလဲသက်ရောက်သွားတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now