Part 15

755 100 1
                                    


အပိုင်း (၁၅) : သူလျှို

ဝမ်ကျန်းက ချင်ယိထန်ကို မဲဆွယ်လိုက်တယ်။

"ချင်ယိထန်၊ အဲဒါကို မေ့လိုက်တော့။ ငါတို့ အုန်းသီးစားရရ မစားရရ အရေးမကြီးပါဘူး။ ငါတို့ မှာ အစားအစာတွေ အများကြီးရှိသေးတာပဲ "

"မှန်တယ်။ ဒါပေမဲ့... ဒီကိစ္စကို မေ့လိုက်ဖို့ကျတော့ မဖြစ်နိုင်ဘူးလေ" ချင်ယိထန်က တွေးလိုက်တယ်။

ခြေတစ်လှမ်း နောက်ဆုတ်တာက သူ့စတိုင် မဟုတ်ဘူး။ သူက မီးထဲ လောင်စာ ထည့်ရတာပဲ သဘောကျတာ။

"ဟား ဟား ဟား ဘာလို့လဲ မသိပေမဲ့ ငါ မူကြိုကလေးတွေ အစားအသောက်လုရင်း ရန်ဖြစ်ကြတာလို့ ခံစားနေရတယ်"

"အပေါ်က တစ်ယောက် ရီတာ အရမ်းကျယ်နေပြီမလား။ ဘာဖြစ်ဖြစ် တော်တော်ရီရတာ ဟားဟားဟား"

"ဟ. အိုးဟိုးဟိုး... ချ ချ"

"လုမင်ယွဲ့ နိုင်မဲ့ဘက်က တစ်ဆင့်လောင်းတယ်။ နောက်ဆုံးမှာ ချင်ယိထန်က အကြိမ်အများကြီး အနိုင်ပိုင်းတာ ခံခဲ့ရတာပဲ လေ"

ဒါကို ရယ်စရာဆိုပြီး ကြည့်နေတဲ့ သူတွေကတော့ တကယ့် အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူးလို့ ဘယ်တော့မှ ထင်ခဲ့မှာ မဟုတ်ဘူး။

အခုမှ နေ့လယ်စာ စားရတဲ့ ဒါရိုက်တာက စိုးရိမ်သွားတယ်"သူတို့တကယ်ကြီး ရန်စဖြစ်ကြတော့မှာ လား"

"ငါတို့ အုန်းသီး သုံးလုံးပဲ ပြင်ထားခဲ့တာက ဒီလို အခြေအနေထိ ဖြစ်လာဖို့ မဟုတ်ဘူးမလား" ရိုက်ကွင်းက ဝန်ထမ်းတစ်ယောက်က ပြောလိုက်တယ်။

"မင်း မျက်စိမှိတ် ပြောနေတဲ့ အမှန်တရားက ဘာများလဲ"

"ငါတို့ လုပ်ထားတဲ့ ဇာတ်ညွှန်းက ဧည့်သည်တစ်ယောက်က နောက်တစ်ယောက်ကို အုန်းသီး မျှပေးဖို့လေ။ ပြီးတော့ အဲ့ဧည့်သည်က အုန်းသီးပေးလို့ တခြားပစ္စည်းကို အလဲအလှယ်အနေနဲ့ ပြန်ပေးဖို့လေ။ သူတို့တွေ အကုန်လုံးက အရမ်းယဉ်ကျေးကြတယ်။ ဘယ်သူမှ ရန်ဖြစ် အချင်းများတာ ရှိမှာ မဟုတ်ဘူး"

လူတိုင်းက တိတ်ဆိတ် သွားကြတယ်။

"ဒီက ရှင်သန်ရေးရသစုံရှိုးလေ။ ပြီးတော့ ဇာတ်ညွှန်းကလည်း ထုံးစံအတိုင်းပဲ။ ကြည့်ရှုသူတွေကို ငတုံးတွေလို သဘောထားနေတဲ့ ပြီးပြည့်စုံပြီး ဇာတ်ညွှန်းဆန်လွန်းနေတဲ့ဟာ" ရိုက်ကွင်းထဲက လူတွေ တွေးနေကြတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now