အပိုင်း (၁၂) : ဂုဏ်ယူစွာ ထုတ်ကြွားခြင်း
လုယန် မှာ ပြောစရာစကားတောင် မရှိတော့ဘူး။ "မင်းမျက်နှာ တစ်ခုလုံးပဲ "
လုမင်ယွဲ့က သူ့ရဲ့ ပုံပန်းသွင်ပြင် လုပ်ဆောင်ချက်အပေါ် အမြင်ကို အရမ်းဂရုစိုက်တဲ့ သူလေ။ ပြီးတော့ ဒီအချိန်မှာ မှန်လည်းမရှိဘူး။ လုယန်က ကြည်လင်တဲ့ ရေအိုင်ငယ်လေးကို ညွှန်ပြပြီး "မင်းရဲ့ လက်တွေ ပါ ညစ်ပတ်နေပြီ။ အဲ့မှာ သွားဆေးလိုက်လေ"
"အခုသွားလိုက်မယ်။ ယန်ယန် မီးကို ကြည့်ထားပေးနော်။ မငြိမ်းသွားစေနဲ့ "
"သေချာတာပေါ့" သူမက ပြောလိုက်တယ်။
လင်းရှင်းမုန့်က လက်ဗလာနဲ့ ပြန်လာတာကို မြင်တော့ ကျိုးမော့လီက တုန့်ဆိုင်းစွာနဲ့ မေးလိုက်တယ်"သူတို့က မီးပေးမညှိလိုက်ကြဘူးလား"
လင်းရှင်းမုန့်က "လုယန်က မျက်မှန်က သူတို့ရဲ့ အရင်းအမြစ်တွေပဲတဲ့ ။ ငါတို့ လဲချင်ရင် တန်ဖိုးတူတဲ့ တစ်ခုခုကို သုံးရမယ်တဲ့ "
ကျိုးမော့လီက စက္ကန့်အနည်းငယ် ငြိမ်သက်သွားတယ်။
လင်းရှင်းမုန့်က ဆက်ပြောလိုက်တယ်"မီးကိုက ခဏလောက်ပဲ ငှါးလို့ရမှာ ရယ်။ ငါတို့ မျက်မှန် တစ်လက်သာရှိရင် အနာဂတ်မှာ မီးမရှိမှာ မပူရတော့ဘူး။ အရင်းအမြစ်တွေကို မီးနဲ့ လဲလှယ်မှာ ထက်စာရင် မျက်မှန်နဲ့ လဲတာက ပိုကောင်းတယ်လေ"
ပစ္စည်းတွေ က တကယ်ကို အရေးပါတယ်။
ကျိုးမော့လီက ပစ္စည်းနှစ်ခုကို ကြည့်ပြီး အတွေးတစ်ချို့ကို ရပြီးတဲ့နောက်မှာ လင်းရှင်းမုန့်နဲ့ အငြင်းအခုန် စဖြစ်လာတယ်။
သူတို့မှာ ပစ္စည်းတွေ တော်တော်များများ ရှိနေတုန်းပဲ လေ။ ဆိုတော့ မျက်မှန်တစ်လက်နဲ့ လဲလိုက်ဖို့က ကိစ္စ ကြီးကြီးမားမားတော့ မဟုတ်နေဘူးလေ။
အချိန်ခဏကြာပြီးတဲ့နောက် အရင်းအမြစ်တွေ အများကြီးရှိထားတဲ့ လင်းရှင်းမုန့်က သရက်သီးခြောက် အိတ်လေးတစ်လုံးနဲ့ ပြန်ပြေးလာခဲ့တယ်။
သူမ ပြေးလာတဲ့ အခါ သူမ ရဲ့ ဂါဝန်ဖြူလေးက လွင့်နေပြီး သူမရဲ့ ဆံနွယ်ရှည်တွေ က လေနဲ့ အတူလွင့်နေတာက သူမ ကို ဖြူစင်ပြီး စိတ်အားထက်သန်မှု အပြည့်နဲ့ ပုံစံလေးဖြစ်နေတယ်။ ကျောင်းတွင်းရဲ့ အချစ်ဦးလေးလိုပဲ ။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...