အခန်း ၃၄ ညံ့ဖျင်းတဲ့ အဖွဲ့ဝင်
ချင်ယိထန်နဲ့ ဝမ်ကျန်းက သူတို့မစ်ရှင် ပြီးသွားပြီး အမှတ်ထပ်ရသွားတာကို ကြားတဲ့အခါ လင်းရှင်းမုန့်နဲ့ ကျိုးမော့လီက ပိုပြီးတောင် စိုးရိမ်လာတယ်။
"မစ်ရှင်က ဒါအကုန်ပဲလား" လင်းရှင်းမုန့်က မေးရင် ဇဝေဇဝါဖြစ်နေတယ်။
"ပင်လယ်က အမှိုက်တွေကို သန့်ရှင်းတာက အခြားမစ်ရှင်နှစ်ခုပြီးတာနဲ့ ညီမျှတယ်" ကျိုးမော့လီက စီစစ်ပြတယ်။
လေးလံတဲ့ သတ္ထုတွေ၊ အက်စစ်နဲ့ အယ်ကာလီ ပစ္စည်းတွေ၊ ဓာတုဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအကြွင်းအကျန်တွေက ပင်လယ်စွန့်ပစ်ပစ္စည်း အမျိုးအစားထဲပါတယ်။
လုယန်က မစ်ရှင် ၇ ကို ပထမဆုံး ဖြေရှင်းပြီးတဲ့အတွက် သူမက မစ်ရှင် ၇ ပြီးဆုံးတာ ကို လက်ခံရခဲ့တယ်။
"ဒါဆို လုယန်က မစ်ရှင်ကို ဘာကြောင့် အရှုံးပေးလိုက်တာလဲ"
လင်းရှင်းမုန့်က အကြီးအကျယ်ကို သောကရောက်နေတယ်။
လုယန်က အရာအားလုံးအတွက် ယှဉ်ပြိုင်မနေဘူးဆိုရင်တောင် သူမပိုင်ဆိုထားတဲ့ အရာတွေကို လွှတ်ပေးမှာ မဟုတ်ဘူး။
"လုယန်က တကယ်ပဲ ပြောင်းလဲသွားတာလား။ သူမက လက်လွှတ်လိုက်တာလား" သူမ သိချင်သွားတယ်။
ကျိုးမော့လီက လင်းရှင်းမုန့်ရဲ့ ရှုပ်ထွေးမှုကို အာရုံအပြည့်မစိုက်ဘဲ သူ့ရဲ့ ခပ်ငိုက်ငိုက် မျက်လုံးတွေနဲ့ လုယန် နဲ့ လုမင်ယွဲ့ရဲ့ ပုံသဏ္ဌာန်ကို ကြည့်လိုက်တယ်။
"မစ်ရှင် ၇ က ပြီးသွားပြီဆိုတော့ အဲ့တာအပေါ်အချိန် ထပ်ဖြုန်း မနေကြရအောင်" သူက ခဏလောက်တိတ်ဆိတ်နေပြီး ပြောလာတယ်။
ကျိုးမော့လီက မစ်ရှင် ၃ အတွက် ဆွဲထားတာကို ထုတ်ယူပြီး သူ့ဦးနှောက်ကို အလုပ်ပေးလိုက်ပေမဲ့ ဘာအဓိပ္ပါယ်ဆွဲထားလဲ သူ ပုံမဖော်နိုင်သေးဘူး။
အခုတော့ ဝမ်ကျန်းနဲ့ ချင်ယိထန်က မစ်ရှင်၇ ပြီးထားတာကြောင့် ၁၀ မှတ်ရထားစဉ် လုယန် နဲ့ လုမင်ယွဲ့က မစ်ရှင် ၇ ကိုဖွင့်လိုက်တာကြောင့် ၅မှတ်ရထားတယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...