အခန်း ၄၅ လုမောင်နှမ
ဆူးပါသစ်အယ်သီးရဲ့ ကိုယ်ထည်အရွက်က မာတယ်။ ပင်စည်နဲ့ သစ်ကိုင်းတွေက ပစ္စည်းတွေတူးဖို့ သုံးနိုင်ရုံတင်မကဘဲ မြှားထိပ်ချွန်ချွန်လုပ်လို့လည်း ရတယ်။
လုယန်က လက်နှစ်ချောင်းနဲ့ ခပ်ထူထူ ပင်စည်ကို ကိုင်ပြီးမေးလာတယ်။ "မင်ယွဲ့ နင်ဒါကို ချိုးနိုင်လား"
"ဒါပေါ့ ပြဿနာမရှိဘူး"
လုမင်ယွဲ့ သဘောတူတယ်။ သူက ပင်စည်ကိုကိုင်ပြီး အားကုန်ဆွဲချလိုက်တယ်။ သစ်ကိုင်းပင်စည်က ဆက်ခနဲ ကျိုးသွားတယ်။
သူတို့သုံးယောက်က ရှေ့ဆက်သွားကြတယ်။ မြေဆီလွှာထဲက သဘာဝပေါက်ပင်က ရေပိုရလေ ပိုရင့်မှည့်ပြီး ကြီးထွားလာလေပဲ။
သဘာဝပေါက်ပင်တွေတလျှောက် စားလို့ရတဲ့ shepherd purse နဲ့ စပျစ်မြစ်တွေကို သူတို့တွေ့လိုက်ရတယ်။ သူတို့က အချို့ကို ကောက်ယူပြီး သူတို့ ခြင်းထဲထည့်လိုက်တယ်။
သိပ်မကြာခင်မှာပဲ မြစ်တစ်ခုကို လုယန်မြင်လိုက်ရတယ်။
ရေက အရမ်းကြည်ကာ အောက်ခြေကို မြင်နိုင်ပြီး ရေအောက်က အမျိုးမျိုးသောကျောက်တုံးတွေရဲ့ အရွယ်အစားတစ်ခုချင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။
"ရေပဲ"
ဝမ်ကျန်းက အော်ဟစ်ပြီး စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်တယ်။ "အဲ့ဒါကြက်လား"
လုယန်က သူမကြည့်နေတဲ့ ဦးတည်ရာကို ကြည့်လိုက်ရာ တောကြက်က မြစ်ရဲ့ မက်စောက်တဲ့ တောင်ကုန်းပေါ်မှာ အတောင်တဖျပ်ဖျပ်လှုပ်နေတာကို မြင်လိုက်ရတယ်။
လုမင်ယွဲ့က သူ့လက်တွေထဲက ပစ္စည်းတွေကို ချပြီး ရစ်ငှက်ကို စိုက်ကြည့်နေတယ်။ "ယန်ယန် ဒီမှာစောင့်။ ငါနင့်အတွက် ရစ်ငှက်သွားဖမ်းပေးမယ်။ ဒီည ကြက်ကောင်လုံးကင်လုပ်ကြစို့" သူပြောလာတယ်။
ဝမ်ကျန်းက ပျော်ရွှင်စွာပြေးပြီး အော်ဟစ်လာတယ်။ "ကျွန်မလဲ ကြက်ဖမ်းချင်တယ်။ အရင်က ကြက်တစ်ခါမှ မဖမ်းဖူးဘူး"
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...