အပိုင်း (၁၄) : မင်းတတ်နိုင်ရင် လာမရှုပ်နဲ့ ကွ။
ဒီအချိန်မှာ လေထုကတော့ တောနက်ရှင်သန်ခြင်း ရသစုံရှိုးအကြောင်းတွေ ပြည့်နှက်နေရောပဲ ။
လုမင်ယွဲ့ရဲ့ လက်ချောင်းတွေဟာ တင်းကြပ်သွားပြီး အသက်ရှူသံတွေ ပြင်းထန်လွန်းလို့ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။ သူ့ရဲ့ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို သူ့ဒေါသတွေ ဖုံးမသွားနိုင်ခင်မှာ တတိယမြောက်လူရဲ့ အသံက သူ့နောက်ကနေ ထွက်ပေါ်လာတယ်။
"မင်ယွဲ့၊ ဒီမှာ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ"
လုယန်၊လင်းရှင်းမုန့်နဲ့ ဝမ်ကျန်းတို့က လျှောက်လာကြတယ်။
ညနေခင်းလေလေးက တိုက်ခတ်လာတော့ သူတို့ရဲ့ ဆံနွယ်တွေနဲ့ အဝတ်အစားတွေ က လွင့်သွားကြတယ်။
မတူညီတဲ့ ပုံစံတွေနဲ့ အမျိုးသမီးသုံးယောက် ဝင်ရောက်လာတဲ့ အချိန်မှာ တိတ်ဆိတ်ပြီးတော့ လှပသွားတာပဲ ။
"ဘုရားရေ ဒီလှပတဲ့ ကောင်မလေးတွေက အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပွဲဦးထွက်ဖို့ကို မျှော်လင့်မိတယ် အဖွဲ့နာမည်ကို မစွံတဲ့ ကောင်လေးသုံးယောက်နဲ့ အလှလေးများလို့ ပေးလိုက်"
"တိုင်းပြည်ရဲ့ အချစ်ဦး၊ လင်းရှင်းမုန့် ချစ်တယ် ငါ့မိန်းမလေးရေ"
"နူးနူးညံ့ညံ့လေး လုယန် ကို ငါ ဘာလို့ အထက်စီးဆန်တယ်လို့ ထင်ခဲ့မိတာလဲ။ ဒီကွဲပြားတဲ့ ခံစားချက်နှစ်ခုလုံးက ဘာလို့ သူမ နဲ့ အရမ်းလိုက်ဖက် နေရတာလဲ"
"ချစ်ရတဲ့ သမီးလေး ဝမ်ကျန်းရေ၊ ဒီနေ့မိတ်ကပ်က အရမ်း အနုစိတ်တာပဲ ငါ မင်းရဲ့ ပုံတွေ ၁၀၈ ပုံလောက် ရိုက်ပစ်ပြီ"
"ဒီမှာ ပရိုဂရမ်အဖွဲ့က တာဝန်တစ်ခုခုပေးထားတာလား" ဝမ်ကျန်းက သိချင်စိတ်နဲ့ မေးလိုက်တယ်။
"မရှိပါဘူး" ချင်ယိထန်က မပျော်မရွှင်နဲ့ ပြန်ဖြေလိုက်တယ်။
သူတို့က ဒီနေ့အတွက် ပြင်ဆင်ရင်း အလုပ်များနေကြပြီး ဘယ်သူကမှ ပရိုဂရမ်အဖွဲ့ရဲ့ လျှို့ဝှက်တာဝန်တွေကို ရှာဖို့ စိတ်မပါကြဘူး။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...