Part 27

489 70 0
                                    


အခန်း ၂၇ မြွေကို လက်ဗလာနဲ့ဖမ်း

ဒါရိုက်တာက နောက်ဆုံးတော့ လုယန် မစ်ရှင်ရှာဖို့

တွေးမိသွားတဲ့အတွက် စိတ်လှုပ်ရှားပြီး မိနစ်အနည်းငယ်မှာတော့ နုံးခွေသွားတယ်။

"ဘာလို့ သူမက လယ်တဲမှာ နေတဲ့သူလို ဖြစ်နေတာလဲ"

ဒါရိုက်တာက LCD စခရင်ပေါ်က လုယန်ရဲ့ ခရစ်စတယ်လို့ ကြည်လင်နေတဲ့ မျက်လုံးနက်တွေကိုကြည့်ပြီး သူ့မျက်ခုံးထူတွေက ကြုတ်သွားတယ်။

"ဒီမှာ ရှိတဲ့ ပတ်ဝန်းကျင်က နောက်ဆုံးရာသီကလို မဆိုးပေမဲ့ ဒါက လုယန်ကို အရမ်းပျော်အောင်လု ပ်မနေသင့်ဘူးလားလို့နော်။ အရမ်းပျော်စေလို့လား" သူတွေးမိသွားတယ်။

ဒါ့အပြင် ဒီ variety show အတွက် ဧည့်သည်တွေက ပုံမှန်ဆို သူတို့နဲ့အတူ လက်ထောက်နှစ်ယောက်၊သုံးယောက်ခေါ်လာပြီး ဘာမှမလုပ်တတ်တဲ့ ကလေးတွေလို အားလုံး အလိုလိုက်ပေးကြရတာ။

သူတို့က သဘာဝကျကျပဲ သဘာဝရဲ့ အရင်းအမြစ်တွေကို ဘယ်လို အပြည့်အဝ အသုံးချရမလဲဆိုတာ မသိကြဘူး။

"ဒါရိုက်တာ သတင်းဆိုး"

ရုတ်တရက် တစ်ယောက်က ကြောက်လန့်တကြားအော်ဟစ်လာတယ်။

ဒါရိုက်တာက စခရင်ကို ပြန်ကြည့်လိုက်တယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ လုယန်က သံလွင်ပင်ဆီရောက်ဖို့ သူမလက်မောင်းကို ဆန့်တန်းထားချိန် မမျှော်လင့်ထားတဲ့ အန္တရာယ်က နီးကပ်လာတယ်။

သူမရဲ့ နူးညံ့တဲ့ မျက်နှာက ပြေပြစ်တဲ့အပြုံးလေး ရှိနေဆဲပဲ။

လုယန်ရဲ့ ခေါင်းအထက်က သစ်ကိုင်းပေါ်မှာ လက်နှစ်ချောင်းစာလောက်ရှိတဲ့ အစိမ်းရင့်ရောင်မြွေလေးတစ်ကောင်က သူမလည်ပင်းနောက်ကို ‌ဖြေးဖြေးချင်း နီးကပ်လာတယ်။ သစ်ကိုင်းတစ်ခုတည်းမှာပဲ ရှိနေတာ။

သူ့လျှာက တိတ်တဆိတ်လှုပ်ရှားနေပြီး အချိန်မရွေး သေအောင်ကိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်။

စခရင်ရှေ့က ကြည့်ရှုသူတွေနဲ့ ဒီမြင်ကွင်းကို မြင်နေတဲ့ ချင်ယိထန်က အသက်အောင့်ထားမိတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now