Part 19

685 103 1
                                    


အပိုင်း (၁၉): ထိတ်လန့်မှု အကြီးကြီး

လင်းရှင်းမုန့်က မေးလိုက်တယ်"ညဆို လေပြင်းတာပဲ။ တဲက လေကြောင့် ကမ်းစပ်ကို ရောက်သွားတာ ဖြစ်နိုင်တယ်"

ချင်ယိထန်က သူမ ပြောတာလက်မခံဘူး"လေက ဘာလို့ ငါ့ဟာကိုပဲ တိုက်သွားတာလဲ"

တချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ကျိုးမော့လီက ကန့်ကွက်လိုက်တယ်"မင်းက လုမင်ယွဲ့ထက် အရင်နိုးတာ။ သဘာဝကျကျပြောရရင် သူက မင်းရဲ့ တဲကို ထိတောင် မထိရသေးဘူး"

"ညတုန်းက ငါ့တဲကို သူဆွဲသွားတာ ဟုတ် မဟုတ် မင်းဘယ်လိုသိလဲ" ချင်ယိထန်က မေးလိုက်တယ်။

"တကယ်လို့ လုမင်ယွဲ့ သာဆွဲရင် မင်းအော်သင့်တာလေ။ ဒီမနက်ထိစောင့်စရာမှ မလိုတာ"

လင်းရှင်းမုန့်က သူမ နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ကျိုးမော့လီကို မော့ကြည့်လိုက်တယ်။

သူမ တွေးလိုက်တယ်"သူက ငါ့ကို လွတ်အောင် လုပ်ပေးဖို့ ကြိုးစားနေတာလား။ သူက ငါ့အတွက် ပြောပေးနေတာလား"

သူတို့ အချင်းချင်း ဆင်ခြေတွေ ရှာနေတုန်း ဝမ်ကျန်းက ရုတ်တရက်အော်လိုက်တယ်"လုယန် မင်းအုန်းသီးတွေ ကောက်ဖို့ သွားခဲ့တာလား"

လူတိုင်းက အုန်းသီးနှစ်လုံး ပိုက်လာတဲ့ လုယန် ကို လှည့်ကြည့်လိုက်ကြတယ်။ အဲ့အချိန်မှာ ပျော်ရွှင်မှု နဲ့ တောက်ပနေတဲ့ လုယန် မျက်လုံးတွေ က မှိန်ဖျော့ပြီး ပုံမှန်ပြန်ဖြစ်သွားတယ်။

လင်းရှင်းမုန့်က ကျိုးမော့လီကို နောက်မှာ ထားပြီး ချင်ယိထန်နဲ့ လုမင်ယွဲ့ကြားကို ဝင်ရပ်လိုက်တယ်။

ဘာဖြစ်နေလဲဆိုတာ မေးဖို့တောင် မလိုတော့ဘူး။

လုမင်ယွဲ့ရဲ့ မျက်လုံးတွေနဲ့ အကြည့်ဆုံပြီး လုယန် ရဲ့ နှလုံးသားက ခံစားချက်တွေ ပြည့်နှက်သွားတယ်။ သူမ မေးလိုက်တယ်"ငါ့ရဲ့ အပြစ်ကင်းတဲ့ အစ်ကိုက မျက်ကန်းတွေရဲ့ မျက်လုံးထဲမှာ ငြင်းခုန်မှုတွေရဲ့ အကြောင်းအရင်း ဖြစ်နေပြန်ပြီ"

"အင်း"

လူအုပ်က လုယန် ကို မျက်လုံးတွေ ပြူးကျယ်ပြီး မယုံနိုင်သလိုကြည့်နေကြတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now