Part 30

602 86 3
                                    


အခန်း ၃၀ ချစ်စရာမြွေလေး

သူမနှလုံးသားထဲက မလိုလားမှုနဲ့ လင်းရှင်းမုန့်က လက်သီးတင်းတင်းဆုပ်လိုက်တယ်။

အဝတ်လုပ်ဖို့ သုံးထားတဲ့ ပစ္စည်းက ထူးခြားတယ်။ ဆားငန်ရေထဲ နှစ်လိုက်မှ စာလုံးတွေပေါ်လာတယ်။

လင်းရှင်းမုန့်က စနစ်ကနေ ဒီသတင်းကို လက်ခံရဖို့အချိန်နဲ့ ခွန်အား အများကြီးကို ရင်းနှီးမြှုပ်နှံထားခဲ့ရတာ။

သူမက ဒါကို ပထမဆုံးလုပ်တဲ့သူ မဟုတ်ရင်တောင် မစ်ရှင်ကို မဖြေရှင်းဘဲ သူမအမှတ်တွေကို မဖြုန်းတီးနိုင်။

လင်းရှင်းမုန့်က သူမနဲ့ ပတ်သတ်တဲ့ ကျိုးမော့လီရဲ့ အမြင်ကောင်းကို ထိန်းသိမ်းထားနိုင်ပြီး သူမအကောင့်မှာ ဖော်လိုဝါတွေ ပိုစုဆောင်းနိုင်ခဲ့တယ်။

လင်းရှင်းမုန့်ရဲ့ မရမနေတိုက်တွန်းနေမှုကို သတိပြုမိတဲ့အခါ ကျိုးမော့လီ ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက်က ကမ်းခြေဆီ လျှောက်သွားတယ်။

လင်းရှင်းမုန့်က မစ်ရှင် ၃ကို တာဝန်ယူချိန် ကျိုးမော့လီက မစ်ရှင် ၇ ကို တာဝန်ယူတယ်။

သူတို့နှစ်ယောက်က ကြည့်လင်တဲ့ ပက်လယ်ရေထဲမှာ အဲ့ဒါကို လုံးဝ နှစ်လိုက်တယ်။

အချိန်တွေကုန်လွန်လာပြီး နံပါတ် ၇ ပုံနှိပ်ထားတဲ့

ထောင့်မှန်စတုဂံ အဝတ်ပေါ်မှာ စာကြောင်းတစ်ခု ဖြည်းဖြည်းချင်းပေါ်လာတယ်။

လင်းရှင်းမုန့်က အားရကျေနပ်စွာ ပြောလိုက်တယ် "ကျွန်မတွေ့ပြီ။ စာလုံးတွေရှိနေတယ်။ ကျွန်မတို့မှန်းတာ မှန်တယ်။ ဘာအကြောင်းလဲ"

ကျိုးမော့လီ ပြန်ဖြေတယ်။ "ရေက ကမ္ဘာတစ်ခုလုံးမှာ ခွန်အားအနည်းဆုံးနဲ့ နူးညံ့တဲ့ အရာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် တိုက်ခိုက်လာသမျှကို တားဆီးနိုင်စွမ်းရှိတယ်။ အနိုင်ရဖို့ ခက်ခဲတယ်။ ဒါက Taoism Classics ကနေ ပြောတဲ့အရာပဲ"

လင်းရှင်းမုန့် ထိတ်လန့်သွားတယ်။ သူမက လုယန်ရဲ့စကားတွေကို မှတ်မိပြီး မျက်မှောင်ကြုတ်လိုက်တယ်။ "အဲ့တော့ မစ်ရှင် ၇ က တကယ်ပဲ ကမ်းခြေက အမှိုက်ကို ကောက်ဖို့ပေါ့"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now