အခန်း ၄၆ ကောလဟလတွေ
လုယန်ရဲ့ ညွှန်ကြားချက်အောက်မှာ လုမင်ယွဲ့က ဆူးပါသစ်အယ်သီးရဲ့ ပင်စည်ကို သုံးပြီး မြေကြီးပေါ် တွင်းတူးလိုက်တယ်။
ဝမ်ကျန်းက သစ်ကိုင်းနည်းနည်းရှာပြီး ခြောက်သွေ့တဲ့ သစ်ရွက်တွေကို သစ်သားချောင်းအောက်မှာ ထားပြီးနောက် လုမင်ယွဲ့က ရွှံ့အုပ်ထားတဲ့ ကြက်ကို အထဲမှာ ထားကာ ဝမ်ကျန်းက ထိပ်ကနေ သစ်သားခြောက်ထူထူအချို့ကို တင်လိုက်တယ်။
သူတို့ပြီးဆို လုယန်လဲ မီးမွှေးပြီးသွားပြီ။
"နင်ခု သစ်သားခြောက်သုံးပြီး မီးမွှေးလိုက်တာလား။ နင်အရမ်းမြန်တာပဲ" ဝမ်ကျန်းက မီးတောက်ကို အံ့အားသင့်စွာ စိုက်ကြည့်နေတယ်။
"နင့်မှာ အတွေ့အကြုံရှိရင် မြန်လာပါလိမ့်မယ်"
မီးက ပိုပိုပြီးကြီးလာတယ်။ လင်းရှင်းမုန့်က သူမရဲ့ အနီးမှုန်မျက်မှန်နဲ့ ကြိုးစားပေမဲ့ မီးမမွှေးနိုင်သေးဘူး။
လုယန်နဲ့ မွှေးထားတဲ့ မီးကို မြင်တဲ့အခါ သူမ မှင်တတ်သွားတယ်။
အနီးမှုန်မျက်မှန်မရှိဘဲ သူမဘယ်လို မီးမွှေးလိုက်တာလဲ။
သစ်သားခြောက်နဲ့ သူမတကယ်ပဲ မီးမွှေးတာလား။
သူမ တဲကို ပြန်လာတဲ့အချိန် ကျိုးမော့လီရဲ့ ရှေ့မှာလဲ မီးတောက်နေတာ သူမတွေ့လိုက်ရတယ်။
"ကျိုးမော့လီ ရှင်က မီးမွှေးတဲ့ ပါရမီရှင်ဖြစ်ရမယ်" လင်းရှင်းမုန့်က သူ့ကို လေးစားမှု ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတယ်။
"မဟုတ်ဘူး" ကျိုးမော့လီက သူမကို တစ်ချက်ကြည့်တယ်။ "ငါ လုယန်နဲ့ လုမင်ယွဲ့ဆီက မီးငှားလိုက်တာ"
လင်းရှင်းမုန့် စကားပျောက်သွားရတယ်။
လုယန်က ဒီ variety show မှာ လက်စားချေဖို့ ပဲ ပါဝင်လာတာလား။
သူမက ကျိုးမော့လီကို ဘာလို့ အရမ်းလွယ်လွယ်ကူကူ မီးပေးလိုက်တာလဲ။
"ငါတို့က အခု အသင်းဖော်တွေလေ" သူမသံသယတွေကို ဖောက်မြင်ပုံရတဲ့ ကျိုးမော့လီက ပြောလာတယ်။ "ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကူညီကြရုံပဲ။ ဆိုတော့ သူတို့ကိုလဲ ငါတို့အိုး ငှားလိုက်တယ်"
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...