Part 28

664 88 0
                                    


အခန်း ၂၈ ရိုက်ကွင်းကို အလည်သွားဖို့ အချိန်ကျပြီ

လေပူတွေ တိုက်ခက်လာတာနဲ့အမျှ သစ်ရွက်တွေက တရှဲရှဲမြည်သွားတယ်။

လုမင်ယွဲ့က သံလွင်သီးခြင်းတစ်လုံးသယ်ပြီး

လုယန်နောက်က နီးနီးကပ်ကပ်လိုက်သွားတယ်။

လုယန်ရဲ့ ဝါးခြင်းက တစ်ခုခုနဲ့ ပြည့်နေပုံရတာကို သူ ရိပ်ခနဲ မြင်လိုက်တယ်။

"ယန်ယန် နင့်အိတ်ထဲက ဘာလဲ။ လေးလား။ ငါနင့်အတွက် သယ်ပေးနိုင်တယ်လေ"

လုယန်က သူမခေါင်းကို ငုံ့ကာ ရုန်းကန်တာ

ရပ်သွားပြီး လျှာကို စိမ်ပြေနပြေဆက်ခနဲ လှုပ်ရှားနေတဲ့ မြွေကို ကြည့်လိုက်တယ်။ သူမက သာမန်ကာလျှံကာ တုံ့ပြန်လိုက်တယ်။ "ငါလား။ ငါ

အိမ်‌မွေးတိရိစ္ဆာန်လေး ဖမ်းလာရုံပါ"

"အိမ်မွေးတိရိစ္ဆာန်လား" လုမင်ယွဲ့က သူမကို ထပ်ပြောတယ်။

သူက ရပ်ပြီး စပ်စပ်စုစု ငုံ့ကြည့်တယ်။ "ဘာတိရိစ္ဆာန်လဲ။ ရှဉ့် ဒါမှမဟုတ် ယုန်လား"

လုမင်ယွဲ့ရဲ့ လက်က ဝါးခြင်းကို ထိတော့မယ်။ သူဆွဲမဖွင့်ခင် လှုပ်နေတယ်လို့ခံစားရပြီး ဖွင့်လိုက်တဲ့အချိန် ပစ္စည်းက သူ့ရှေ့ကို ဖြည်းဖြည်းချင်း ပေါ်လာတယ်။

သူ့မျက်စံတွေက တုန်ယင်သွားတယ်။ "ယန်ယန် နင်ဘာလို့ မြွေကို နင်နဲ့အတူ ယူလာတာလဲ။ အရမ်း အန္တာရာယ်များတယ်"

လုမင်ယွဲ့က ယူလိုက်ချင်ပေမဲ့ လုယန်တားတာ ခံလိုက်ရတယ်။

"မင်ယွဲ့ ဂရုစိုက်။ မကြောက်သွားစေနဲ့လေ"

"ကြောက်သွားစေမယ်" လုမင်ယွဲ့ မေးလိုက်တယ်။

"စွတ်ပြုတ် လုပ်ဖို့ သုံးနိုင်တယ်" လုယန်က ပြန်ဖြေတယ်။ "နင် သူ့ကိုခြောက်လှန့်မိရင် အစားအစာက အရသာကောင်းတော့မှာ မဟုတ်ဘူး"

သူတို့ငယ်စဉ်ကဆို လုယန်ဆီ လုမင်ယွဲ့ အလည်သွားတဲ့အချိန် သူမက ကျေးလက်ဒေသမှာ မြွေတွေနဲ့ ကြက်တွေကို စွတ်ပြုတ်ဖြူလုပ်ဖို့ မကြာ ခဏအတူထားလေ့ရှိတယ်လို့ အကြိမ်အနည်း ငယ်လောက် ပြောပြဖူးတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now