Part 13

807 108 1
                                    


အပိုင်း (၁၃) : ကျယ်မိန့်လေး

တစ်နေကုန် ဘာမှ မစားကြရသေးတော့ လူတိုင်းရဲ့ အစာအိမ်တွေက အသံတွေ မြည်နေကြပြီ။

လေထုက ကန်စွန်းဥဖုတ် အနံ့တွေနဲ့ ပြည့်နှက်နေတယ်။ တခြားသူတွေက အစာခြောက်တွေ စားနေချိန်မှာ ကျိုးမော့လီနဲ့ လင်းရှင်းမုန့်တို့က သောက်ဖို့ ရေတွေကို အပူပေးနေကြတယ်။

ဝမ်ကျန်းနဲ့ ချင်ယိထန်တို့ နှစ်ယောက်လုံးကတော့ သူတို့ အစာအိမ်တွေကို အစားအသောက်တွေနဲ့ ဖြည့်နေကြတယ်။

ညနေခင်းမှာတော့ ဝင်တော့မဲ့ နေလုံးဟာ အလှပဆုံးတောက်ပမှု နဲ့ ကောင်းကင်တစ်ခြမ်းကို လောင်ကျွမ်းကာ အနီရောင်ဖြစ်စေပြီး ပင်လယ်ပြင်ကျယ်ဟာ ရွှေရောင် လှိုင်းကြက်ခွပ်လေးတွေနဲ့ အလင်းပြန်နေပြန်တယ်။

ခေါင်းမာလွန်းတဲ့ သူတွေကတော့ လူတွေနဲ့ ပါးပါးနပ်နပ် ဆက်ဆံရမဲ့နေရာမှာ အမြဲအားနည်းကြပါတယ်။

လုမင်ယွဲ့နဲ့ ချင်ယိထန်တို့က ဒီအချက်ကို လုံးဝ သက်သေပြလိုက်တယ်။

ဝမ်ကျန်းက လုယန် ကို သူမ ရဲ့ တဲ ခိုင်၊မခိုင် ကူကြည့်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ အဲ့အချိန် အုန်းပင်အောက်မှာ လုမင်ယွဲ့နဲ့ ချင်ယိထန် တို့က အုန်းသီးတွေနဲ့ ပတ်သက်ပြီး အချင်းများနေကြရော။

"လုယန် မျက်မှန်ကို သုံးပြီး မီးမွှေးဖို့ ဘယ်လို အကြံရခဲ့တာလဲ" ဝမ်ကျန်းက သိချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်တယ်။

"ငါ စာအုပ်တစ်အုပ်ထဲမှာ အဲ့အကြောင်းဖတ်ခဲ့ဖူးတာ" လုယန်က ပြန်ဖြေတယ်။

"ငါ ကျ စာအုပ်ထဲမှာ သစ်သားကို အပေါက်ဖြစ်အောင်လုပ်ပြီး မီးမွှေးတာကို ဖတ်ခဲ့ဖူးတာ။ ဒါပေမဲ့ ချင်ယိထန်က နာရီပေါင်းများစွာ ကြာအောင် လုပ်တာတောင် မီးကတောက် မလာဘူး။ အဲဒါ မှားနေတာလားဟင်"

"မဟုတ်ပါဘူး"

"သူလုပ်တာ မှားနေတာ" လုယန်က ပြန်ဖြေလိုက်တယ်။

"သူလုပ်တာ မှားနေတာ" ဝမ်ကျန်း တအံ့တဩ ဖြစ်ပြီး အတွေးနက်သွားတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now