အခန်း ၄၄ ဆားမလိုဘူး
ကျိုးမော့လီက ခေါင်းမညိတ်ခင် ခဏမျှတုံ့ဆိုင်းနေတယ်။ "ကောင်းပြီ" သူပြောလိုက်တယ်။
"လုယန်နဲ့ လုမင်ယွဲ့က တကယ်နားနေတဲ့အချိန် ကျိုးမော့လီနဲ့ လင်းရှင်းမုန့်က အလေးအနက် သဲလွန်စရှာနေတယ်။ သူတို့ကအရမ်း တာဝန်မဲ့တာပဲ"
"လုယန်က ချုံပုတ်ကို တွေ့တဲ့ တစ်ယောက်ပဲလေ။ သူတို့အမှတ်ရချင်ရင် အခြားသူတွေလဲ တစ်ခုခုလုပ်ရမှာပေါ့။ နင်က လုယန်ကို သူတို့ပါးစပ်ထဲ အမှတ်တွေ ထည့်ပေးခွင့်ပေးနေတာမလား။ ဘယလိုဟာသလဲဟ"
"လူခြောက်ယောက်က အလုပ်ကို ရှင်းရှင်း လင်းလင်းခွဲဝေတာ မကောင်းဘူးလား။ ဘာမဟုတ်တာအတွက် ပြဿနာဖြစ်လာတဲ့အခါကျရင် နင်တို့ ကိုယ်တိုင်တူးထားတဲ့ တွင်းကို ဂရုစိုက်ကြ"
လင်းရှင်းမုန့်ရဲ့ ခေါင်းက တွင်းထဲမှာ မိနစ်အနည်းငယ်လောက်နေပေမဲ့ အသုံးဝင်တာ ဘာမှမတွေ့ဘူး။
သူမထွက်လာတဲ့အခါ သူမဆံပင်က အနည်းငယ် ရှုပ်ပွနေတယ်။ သူမက လုယန်ကို ဒေါသတကြီးမေးခွန်းထုတ်လာတယ်။ "လုယန် သဲလွန်စ ၃ ရဲ့ အဖြေက ချုံပုတ်ထဲမှာလို့ နင်မပြောဘူးလား။ အထဲမှာ ဘာလို့ ဘာမှမရှိတာလဲ။ ဘာမှမရှိတာကြီးအတွက်နဲ့ ငါ့ခေါင်းကို ဆန့်ထုတ်လိုက်ရတာ"
"နင့်ခေါင်းကို ချုံပုတ်ထဲ ထည့်လား ငါမမေးပါဘူး" လုယန်က တည်တည်ငြိမ်ငြိမ် ပြန်ပြောတယ်။
ဝမ်ကျန်းက အားနည်းစွာပြောလာပြီး အပြစ်ရှိစိတ်ခံစားနေရတယ်။ "ကျွန်မတောင်းပန်ပါတယ်။ ကျွန်မက ချုံပုတ်ကို ပြောတဲ့တစ်ယောက်ပဲ"
"သဲလွန်စ ၃က တကယ်ချုံပုတ်ထဲမှာပဲ။ ဝမ်ကျန်းမှန်တယ်" လုယန်ထပ်ပြောတယ်။
ချင်ယိထန်က အံ့အားသင့်ပြီး တွေးလိုက်တယ်။ "ဝမ်ကျန်းမှန်တယ်လား။ အဖြေက တကယ်ပဲ ချုံပုတ်ထဲမှာလား"
ချင်ယိထန်က ခေါင်းဖြီး နေတဲ့ လင်းရှင်းမုန့်ကိုတစ်ချက်ကြည့်ပြီး သူ့စိတ်ထဲမှာ မပီမသပြောလိုက်တယ်။ "သူမက အရမ်းတုံးတာဖြစ်နိုင်တယ်။ သူမ မျက်လုံးတွေက ထိခိုက်လို့ ဘာသဲလွန်စကိုမှ မမြင်တာပဲဖြစ်မယ်"
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...