အခန်း ၂၄ မနာလိုဖြစ်နေတာလား
"ဂရုစိုက်" ကျိုးမော့လီ ဆက်ပြောတယ်။
သူမက နှုတ်ခမ်းကိုက်ရင်း လင်းရှင်းမုန့်ရဲ့ ပါးပြင်တွေက ရှက်သွေးဖြာသွားတယ်။ "အင်း ရှင်ရောပဲ"
"အားးးးး သူက အရမ်းနူးညံ့ပြီး ညှာတာတတ်တာပဲ"
အတွဲတစ်တွဲကတော့ ရှင်သန်ရေး variety show ကို အချစ်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲနေပြီ။
...
လုယန်က ဝါးလုံးကို ခပ်ပါးပါး ခွဲကာ စိတ်ရှည်လက်ရှည် စီစဉ်ပြီး သူတို့ကို ချည်လိုက်တယ်။
အခြားအဖွဲ့နှစ်ဖွဲ့က ပရိုဂရမ်အဖွဲ့ရဲ့ လျို့ဝှက်မစ်ရှင်အတွက် ရှာနေကြတယ်။ လုယန်တို့တစ်ဖွဲ့ကပဲ
အပျော်အပါးလိုက် ဝါးခြင်းရက်နေပြီး လုမင်ယွဲ့ကို သစ်ကိုင်းနည်းနည်း ကောက်ခိုင်းနေတယ်။
ဒါရိုက်တာက မှတ်တမ်းစတူဒီယိုထဲက လှပတဲမိန်းကလေးကို စိုက်ကြည့်ပြီး မျက်မှောင်မကြုတ်ဘဲမနေနိုင်။
ဝါးခြင်းက မိန်းကလေးရဲ့ လက်တွေထဲမှာ ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိနေပုံပေါ်တယ်။ အဲ့ဒါက သူမလက်ချောင်းတွေရဲ့ လှုပ်ရှားမှုအတိုင်းရွေ့ လျားနေပြီး အချိန်တိုအတွင်း ပြီးပြည့်စုံတဲ့ ဝါးခြင်းတစ်လုံး ပေါ်လာတယ်။
ဖြစ်စဉ်က အရမ်းချောချောမွေ့မွေ့ပဲ။
ဒါရိုက်တာက မေးမြန်းလာတယ်။ "သူတို့က ဘာလို့ ဒီမှာ အရမ်းပျော်တဲ့ပုံပေါက်နေတာလဲ။ သူတို့မှာ မစ်ရှင်ရှိတယ်ဆိုတာကို မင်းကြိုပြောထားရဲ့လား"
"ဟုတ်ကဲ့ ကျွန်တော်တို့ ဧည့်သည်တွေကို ထပ်ခါထပ်ခါ အတည်ပြုထားပါတယ်။ ဒီ variety show က မစ်ရှင်ပြီးမှပဲ အဆုံးသတ်ပါမယ်လို့"
ပရိုဂရမ်အဖွဲ့က ဧည့်သည်တွေကို အရင်းအမြစ်တွေအများကြီး မပေးတာကြောင့် ဆုလာဘ်တွေက ကြာမှာ မဟုတ်ဘူး။
ဒါ့အပြင် လုယန်နဲ့ လုမင်ယွဲ့က အစားအစာအနည်းဆုံး အဖွဲ့ပဲ။
အခုကျတော့ သူတို့က သူတို့ရဲ့မစ်ရှင်ကို ပြီးအောင်အမြန်လုပ်ရမဲ့အစား အေးအေးဆေးဆေး ဝါးခြင်းတောင် ရက်နေသေးတယ်။ လုံးဝ နားမလည်နိုင်စရာပဲ။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...