အပိုင်း (၁၁) : ရင်းနှီးကျွမ်းဝင်မှု
အချိန်နှစ်နာရီ ကုန်လွန်သွားပြီး နောက်
ကျိုးမော့လီနဲ့ လင်းရှင်းမုန့်တို့ ကတော့ မီးမမွှေး နိုင်သေးပါဘူး။
လုယန် ရဲ့ အခြေအနေကို သတိပြုပြီး သွားတဲ့ နောက်မှာ လင်းရှင်းမုန့်က ဆက်ပြီး စိတ်မရှည်နိုင်တော့တဲ့ ကျိုးမော့လီကို ကြည့်ပြီး အကြံပေးလိုက်တယ်"လုယန် နဲ့ တခြားသူတွေ က မီးမွှေးပြီး သားပဲ ။ ငါတို့ သူတို့ဆီက နည်းနည်းလောက် သွားတောင်းရင်ရော"
ကျိုးမော့လီက လုမင်ယွဲ့ဘေးမှာ ရှိတဲ့ မီးပုံကို ကြည့်လိုက်ပြီး စိုက်ကြည့်နေရာက ပြန်ရုတ်သိမ်းလိုက်တယ်။ သူက နည်းနည်း သံသယဖြစ်ဖြစ်နဲ့ မေးလိုက်တယ်"သူတို့တွေ က ပေးဖို့ သဘောတူပါ့မလား"
"သူတို့ သဘောတူမှာ ပါ" လင်းရှင်းမုန့်က ယုံကြည်ချက်အပြည့်နဲ့ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး သူမ ဘာသာ သူမ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်"လုယန် နဲ့ ငါ က အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်တွေလေ။ အဲ့တော့ နည်းနည်း ရင်းနှီးတယ်။ ငါ သွားပြောရင်တော့ သူမ က ငြင်းမှာ မဟုတ်ဘူးရယ်"
ကျိုးမော့လီက နည်းနည်း တော့ သံသယဖြစ်မိပေမဲ့ ညင်ညင်သာသာပဲ တုန့်ပြန်လိုက်တယ်"ဟုတ်ပြီလေ။ ဒါဆို မင်းရဲ့ အလုပ်ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ၊ မဟုတ်တာ။ ဒါကအဲ့လောက်လည်း မခက်ခဲပါဘူး"
လင်းရှင်းမုန့်က လုယန် နဲ့ လုမင်ယွဲ့တို့ဆီ ပျော်ပျော်ကြီး ပြေးထွက်သွားလိုက်တယ်။
ဝမ်ကျန်းက ဘေးပတ်လည်ကို လှည့်ပတ် ကြည့်ခဲ့ပြီး ခုထိ မီးတစ်ပွင့်မှ ထွက်မလာသေးတဲ့ သစ်သားအစလေးကို ကြည့်လိုက်တယ်"မီးညှိဖို့အတွက် ဘာလို့ သူတို့ဆီက နည်းနည်း လောက် မမျှခိုင်းတာလဲဟင်"
ချင်ယိထန်က သွားကြိတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တယ်"လုံးဝ မတောင်းဘူး"
"အဲဒါဆို ငါတို့ ဘယ်တော့မှ မီးမွှေးနိုင်မှာလဲ" ဝမ်ကျန်းက သူတို့ဖြစ်နေတဲ့ ပြဿနာကို ဒဲ့ပဲ မေးလိုက်တော့တယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...