အခန်း ၃၉ သယ်ဆောင်သွား
ညမရောက်ခင် ကျိုးမော့လီနဲ့ လင်းရှင်းမုန့်က သူတို့ရဲ့ အနီးမှုန်မျက်မှန်ကို မီးထပ်မွှေးဖို့ သုံးလိုက်တယ်။
အခြားတစ်ဖက်မှာ ဝမ်ကျန်းက လုယန် ဆီကနေ မီးချေးပြီး သူမတဲအနီးမှာ မီးဖိုလိုက်တယ်။
လုယန်က လင်းရှင်းမုန့်အစား ဝမ်ကျန်းကို မီးငှားပေးလိုက်တဲ့ ဖြစ်ရပ်နှစ်ခုနောက်ကို လိုက်ပြီး
သူတို့ရဲ့ အထက်တန်းကျောင်းက အတန်းဖော်တွေပါလို့ အခိုင်အမာပြောနေတဲ့ အင်တာနက်အသုံးပြုသူအုပ်စုက တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ တသဲသဲဝင်လာပြီး သူတို့ မြင်ခဲ့ကြားခဲ့တာတွေကို ပြန်ပြောတော့တယ်။
"လုယန်က ကျိုးမော့လီနဲ့ အသင်းတူတဲ့အပေါ် လင်းရှင်းမုန့်ကို မနာလိုဖြစ်နေတာလား"
"ငါက လုယန် နဲ့ လင်းရှင်းမုန့်ရဲ့ အထက် တန်းကျောင်းအတန်းဖော်ပါ။ သူတို့က အထက် တန်းကျောင်းကတည်းက ရှားစောင်းစေးနဲ့ မျက်ချေးပဲ။ လုယန်က လင်းရှင်းမုန့်ကို မုန်းတယ်။ နောက် ဆုံးကျတော့ လင်းရှင်းမုန့်က လုယန်ကို အမှားကျူးလွန်ဖို့ ကိစ္စတွေအများကြီး လုပ်ခဲ့တာပဲ"
"ငါလဲ သူတို့အထက်တန်းကျောင်းကပဲ။ လင်းရှင်းမုန့်က ကျောင်းအပြင်က ဒုစရိုက်ဂိုဏ်းတွေနဲ့
ပတ်သတ်မှုတွေရှိတဲ့ လုယန်ကို တစ်ကျောင်းလုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်စာဖတ်ရအောင် မကြာခဏ တိုင်ကြားတယ်လို့ ငါကြားတယ်"
"လုယန် သူမက ပထမအထက်တန်းက ကျောင်းအနိုင်ကျင့်သူ မဟုတ်ဘူးလား။ သူမက တိုက်ခိုက်ဖို့ နံရံပေါ်တတ် နံရံဖြိုတဲ့ အာဏာရှင် ပြီးတော့ လက်မောင်းပေါ်မှာ တတ်တူးရှိတယ်"
"အိုး လုယန် နဲ့ အနိုင်ကျင့်တဲ့ သူတစ်ယောက်က ဆက်ဆံရေးတစ်ခု ရှိတယ်လို့ လင်းရှင်းမုန့်က ဆရာမကိုတောင် တိုင်တဲ့ပုံပဲ"
လင်းရှင်းမုန့်က ငေးမောနေပုံနဲ့ မီးထဲကို သစ်ကိုင်းပစ်ထည့်နေပြီး လုယန် ရဲ့ လှုပ်ရှားမှုတိုင်းကို တိတ် တဆိတ်စောင့်ကြည့်နေတယ်။
YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...