Part 29

653 84 0
                                    


အခန်း ၂၉ တစ်စုံတစ်ယောက်ကို အပြစ်တင်

ကောင်းကင်မှာ နေက ချိတ်ဆွဲနေတယ်။ ဝမ်ကျန်းရှေ့မှာ ကျယ်ပြောပြီး အဆုံးအစမဲ့တဲ့ ပင်လယ်၊ သူမနောက်မှာ အပင်ရိုင်းတွေနဲ့ တောထနေတဲ့ ကြောက်မက်ဖွယ်တောနက် ရှိနေတယ်။

ဝမ်ကျန်းက ပင်လယ်ကမ်းခြေက ကျောက်တန်းတွေကို ကြည့်လိုက်တယ်။ အကြိမ်အနည်းငယ်ခန့် နေရောင်ခံပြီးနောက် သူမမျက်လုံးတွေက ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။

ဝမ်ကျန်းက ဒူးထောက်ကျပြီး ဒီနေ့အများကြီး မစားခဲ့ရတဲ့အတွက် ပင်ပန်းနွမ်းနယ်နေတယ်။

ဒီ variety show က သူမရဖို့ အလုပ်ကြိုးစားခဲ့ရတဲ့ တစ်ခုဖြစ်ပေမဲ့ ဒါက ဒီလိုကြီးဖြစ်မယ်လို့ သူမ မမျှော်လင့်ထားဘူး။

ဒီမှာ ဘယ်သူမှမရှိဘဲ ပူနွေးပြီး စိုစွတ်တယ်။

"မင်း သဲလွန်စတစ်ခုခုရှာတွေ့လို့လား"

ချင်ယိထန်က တောထဲက ပြေးထွက်လာပြီး ခြေကုန်လက်ပန်း ကျနေတယ်။ ဝမ်ကျန်းရဲ့ ပုံသဏ္ဌာန်ကို မြင်တဲ့အခါ သူမဆီကို အမြန်လျှောက်လာတယ်။

ဝမ်ကျန်းက သူမလက်ထဲက သစ်ကိုင်းတစ်ခုနဲ့အတူ မြေပြင်က သဲပူပူကို ထိုးဆွရင်း ထိုင်းမှိုင်းစွာ သူ့ကို ကြည့်လာတယ်။

"ဟင့်အင်း။ ကျွန်မ မတွေ့သေးဘူး။ ရှင်ကရော"

"ငါလဲ ဘာမှမရှိဘူး"

ချင်ယိထန်က ဒီကို တစ်လမ်းလုံးပြေးလာပြီး ချွေးအတော်လေးထွက်နေတယ်။ ထိုအခိုက် အတန့်မှာ သူ့နဖူးပေါ်က ဆံပင်တွေ ကပ်နေတာကို ခံစားမိလိုက်တယ်။ သူက ဝမ်ကျန်းကို မေးလိုက်တယ်။ "ငါ့ဆံပင်တွေ အဆီပြန်နေလားဆိုတာ မင်း စစ်ပေးနိုင်မလား"

ဝမ်ကျန်းက ဆလော့တစ်ကောင်လို ဖြည်းဖြည်းချင်းခေါင်းမော့လာပြီး ချင်ယိထန်ရဲ့ခေါင်းကိုကြည့်လိုက်တယ်။ "ကျွန်မ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ အလင်းပြန်နေတယ်"

ချင်ယိထန်ရဲ့ လက်ချောင်းတွေက သူ့ဆံပင်ကိုပွတ်သပ်ပြီး မှင်တက်သွားတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now