Part 21

687 96 0
                                    


အခန်း ၂၁ လေ

"ရှင့်ရဲ့ ၁၈၀ဒီဂရီ တောင်းပန်တာကိုလဲ မမေ့နဲ့" လုယန်ထပ်ပြောလိုက်တယ်။

ချင်ယိထန် ဆွံ့အသွားရတယ်။

အခြားလူတွေရဲ့ သီချင်းစာသားတွေမှာ နတ်ဆိုးတွေရဲ့ အိန်ဂျယ်အကြောင်းဖြစ်ပေမဲ့ သူမက အိန်ဂျယ်တွေရဲ့ နတ်ဆိုးပဲ။

'တောင်းပန်' ဆိုတဲ့စကားကို ကြားချိန် ချင်ယိထန်ရဲ့ မျက်နှာက ဖြူဖျော့သွားတယ်။

သူက လူထုဆက်သွယ်ရေးအဖွဲ့ရဲ့ အကြုံပြုချက်အတိုင်း လုမင်ယွဲ့ကို တစ်ကြိမ်တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတောင်းပန်မှုက လူထုအမြင်ကို ထိန်းချုပ်ဖို့ ပရိယာယ်သက်သက်ပဲ။

ဒီတစ်ခါက တကယ်တောင်းပန်ရမှာ။

လုမင်ယွဲ့နဲ့ ချင်ယိထန်က အတော်လေးဆင်တူပုံပေါ်ပြီး သူတို့သီချင်းတွေကလဲ ဆင်တူတယ်။

သူတို့က ပြိုင်ဘက်တွေ။

ချင်ယိထန်ရဲ့ဖန်တွေ တာဝန်က အချက်အလက်တွေ စုဆောင်းဖို့ မဟုတ်ပေမဲ့ လုမင်ယွဲ့အပေါ် နင်းချေဖို့ပဲ။

ချင်ယိထန်က လုမင်ယွဲ့ရဲ့ အောင်မြင်မှုကို အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ကစားနေခဲ့တာ။

ဒါကြောင့် ချင်ယိထန်က လိုလိုလားလား တောင်းပန်မှာ မဟုတ်ဘူး။

အခြားတစ်ဖက်မှာ တော့ လင်းရှင်းမုန့်နဲ့ စနစ်ရဲ့အပြန်အလှန်ဆက်နွယ်မှုက ကောင်းကောင်း သွားမနေဘူး။

ချင်ယိထန်နဲ့ လုမင်ယွဲ့ရဲ့ သဘောထားကွဲလွဲမှုက ဖြေရှင်းပြီးပေမဲ့ သူမ ဘာအမှတ်မှမရဘူး။

လင်းရှင်းမုန့်မေးလိုက်တယ်။ "အမှတ်တွေကို အချိုးကျပေးနိုင်လား။ နည်းနည်းတော့ စီစဉ်ပေးရမယ်လေ"

စနစ်က ဖြစ်နိုင်ခြေအတိုင်း ပြန်ဖြေတယ်။

" ဒီမစ်ရှင်မှာ host ရဲ့ ဆောင်ရွက်မှုက ၃၀% တောင်မရှိသေးတာ တွေ့ရပါတယ်။ အမှတ်ရမှာ မဟုတ်ပါဘူး"

လင်းရှင်းမုန့်က စိတ်ဓာတ်ကျနေချိန် စနစ်ရဲ့အသံကို သူမထပ်မံကြားလိုက်ရတယ်။ "hostဆီရောက်လာတဲ့ တစ်စုံတစ်ယောက်ရဲ့အလေးထားမှုကိုတော့ အမှတ်လဲလှယ်နိုင်ပါတယ်။ ချင်ယိထန်က ခြွင်းချက်မဟုတ်ပါဘူး။ သူ့ရဲ့လက်ရှိ ခံစားချက်တွေမှာ ခုခံမှုတွေ့နေရပါတယ်။ Host သာ အဲ့ဒါကို ဖယ်ရှားနိုင်ရင် အလေးထားတဲ့ ထင်မြင်ချက်တိုးလာပါလိမ့်မယ်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now