Part 7

1K 121 2
                                    

7 01

အခန်း ၇ ယောကျာ်း

ချင်ယိထန်က နာနေသေးတဲ့ သူခေါင်းနောက်ကို ထိလိုက်တယ်။ သူ ကွန်ပလိန်းမတတ်ဘဲ မနေနိုင်။ "လုမင်ယွဲ့ရဲ့ညီမက ကလေးဘဝတုန်းက ဘာတွေစားလဲ ငါ မသိပေမဲ့ သူမက အရမ်းအားသန်တယ်။ စကားမစပ် သူမနာမည်ကဘာတဲ့"

"လုယန်" လက်ထောက်ကပြန်‌ဖြေတယ်။

"သူမ ဘယ်ကလာတာလဲ။ လုမင်ယွဲ့မှာ ညီမရှိတယ်လို့ ငါတစ်ခါမှမကြားဖူးဘူး"

"ကျွန်တော်လဲ မသေချာဘူး..."

ချင်ယိထန်က ဘေးကို လှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ထိုနေရာမှာရပ်နေတဲ့ လုယန်ပေါ် တည့်တည့်ကျသွားတယ်။ သူက နေရောင်အောက်ကနေ သူ့မျက်လုံးတွေကို မှေးကြည့်ပြီး ခဏလောက်တွေးလိုက်တယ်။ ပြီးတာနဲ့ ဆိုးဝါးတဲ့အတွေးကို တေးထားရင်း လုယန်ဆီလျှောက်သွားလိုက်တယ်။

ချင်ယိထန်က သူနဲ့ဘာမှမဖြစ်ခဲ့သလို နီးကပ်လာတာမြင်ချိန် ချန်စုက ကာကွယ်ရန် အသင့်အနေအထား ဖြစ်သွားတယ်။

"ဒီက ဆိုးပေလေး..."

ဒါကို ကြားချိန် လုယန်က သူမရဲ့စူးစိုက်အကြည့်ကို သာမန်ကာလျှံကာ ဆွဲယူလာပြီး မကြိုဆိုတဲ့ ဧည့်သည်ကို ကြည့်လိုက်တယ်။

"တွေ့ရတာဝမ်းသာပါတယ်" လုယန်က ယဉ်ကျေးစွာပြောတယ်။

"ချန်စု ဒါမင်းရဲ့ အဖွဲ့ဝင်အသစ်လား"

ချင်ယိထန်က သူ့ရဲ့အထင်အမြင်သေးတဲ့ အမူအရာကို မဖုံးကွယ်ထားဘူး။ "မင်းမှာ ပုံမှန်လို မြှော်မြင်တတ်တဲ့ မျက်လုံးတွေ မရှိတော့ဘူးပဲ။ မင်း ငါတို့ကုမ္ပဏီကို ဝင်ချင်လား"

"ကျေးဇူးပါ" ချန်စုက ခပ်ဩဩ အသံနဲ့ပြောတယ်။ "ဒါပေမဲ့ ငါ့မှာ ငါ့အနုပညာရှင်တွေအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိတယ်။ ဥပမာ သူတို့ အသွင်အပြင်က စ‌စ်ဆေးမှု အောင်မြင်ရမယ်"

တစ်နည်းအားဖြင့် ချင်ယိထန်ရဲ့ပုံစံက သူ့ရဲ့စစ်ဆေးမှုကို မအောင်ဘူးလို့ စောင်းပါးရိပ်ချေ ပြောနေတာ။

တေးရေးဆရာတူတဲ့အလျောက် လုမင်ယွဲ့နဲ့ ချင်ယိထန်က မကြာခဏ ယှဉ်တွဲခံရတယ်။ နှစ်ယောက်အတူတူ ရပ်တဲ့အချိန်တိုင်း ချင်ယိထန်က လုမင်ယွဲ့ရဲ့ ဇာတ်ပို့သရုပ်ဆောင်ဆိုပြီး အမြဲဖော်ပြခံရတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now